Chapter 144

2.2K 179 0
                                    

စာစဉ် (10) Chapter (144) သူတို့အားလုံး သေရလိမ့်မယ်!

ယဲ့ဖန်က နှလုံးစား အဘိုးကြီး သတ်မသေနိုင်အောင် သူ့ဦးခေါင်းနှင့် လည်ပင်းကို မြဲနေအောင် ချုပ်ထားသည်။

သူ့နှလုံးသားကို သူ့ပါးစပ်နားသို့ မြှောက်ပြလိုက်သည်နှင့် နှလုံးစား အဘိုးကြီးသည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ စားလိုက်မိသည်။

ကျွိ! ကျွိ!

သွေးပျက်ဖွယ်ကောင်းသော အသံများကို နားထောင်နေရင်း နှလုံးစားအဘိုးကြီးသည် သူ့ခန္ဓာကိုယ်က ကြောက်ရွံ့မှုကြောင့် အလုပ်လုပ်ပုံ နှေးကွေးလာသည်ကို ခံစားလိုက်မိသည်။

"ဝူး ဝူး… ငါ့နှလုံး! ငါ့နှလုံးသား!"

နှလုံးစားအဘိုးကြီး ဒေါသထွက်လာသည်။ ယခုအချိန်တွင် သူသေချင်လျင်တောင် သူ သေလို့မရ၊ သူ့နှလုံးသားကို သူ ပြန်စားနေရသဖြင့် သူ မတည်ငြိမ်နိုင်တော့။

"နတ်ဆိုး! မင်းက နတ်ဆိုးပဲ!"

နှလုံးစား အဘိုးကြီး ကြောက်လန့်တကြားပြောလိုက်မိသည်။
သူ၏ ရန်သူများ စိတ်တွင် သူက အမြဲ နတ်ဆိုးသဖွယ် ဖြစ်ခဲ့သော်လည်း သူ့စိတ်ထဲတွင်တော့ ယဲ့ဖန်ကသာ တကယ့်နတ်ဆိုး ဖြစ်သည်ဟု ထင်နေမိသည်။

"ယဲ့ဖန် … မင်း မရှုမလှနဲ့ သေစေရမယ်၊ မိုးမြေအသွင်မဲ့နှလုံးသား အဖွဲ့! ငါ သေသွားရင်တောင် မိုးမြေကံကြမ္မာ အဘိုးကြီး၊ မြေဝိညာဉ် အဘိုးကြီးနဲ့ အသွင်မဲ့ အဘိုးကြီးတို့ ကျန်သေးတယ်"

"သူတို့က မင်းရဲ့ အရွတ်တွေကို ဆွဲထုတ်ပြီး အရိုးတွေကို နုတ်နုတ်စင်းပစ်လိမ့်မယ်"

နှလုံးစား အဘိုးကြီးသည် သူ့ကိုယ်သူ သေတော့မည်ဆိုတာကို သိသော်လည်း လေကျယ်နေသေးသည်။

ကျန်းနန်မြို့နှင့် ကျန်းပေမြို့တို့တွင် နှစ်ဒါဇင်နှင့် ချီ၍ ပြိုင်ဘက်ကင်းခဲ့သော နတ်ဆိုးအိုကြီး တစ်ဖြစ်လည်း ကြယ်သုံးလုံး အဆင့် စွမ်းအားပိုင်ရှင် သူသည် ကောင်စုတ်လေး တစ်ယောက်၏ လက်ထဲတွင် အရေးနိမ့်ခဲ့လိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။

ဤသတင်းသာ အပြင်သို့ပျံ့နှံ့သွားခဲ့ပါက ကျန်းနန်မြို့နှင့် ကျန်းပေမြို့တို့ ဘေးကျပ်နံကျပ် ဖြစ်ပေလောက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now