ငရဲမှ လာသောသူ
The Man from Hell
Author : Autumn Wind 133
ဘာသာပြန် Han Shinစာစဉ် (11) Chapter (163) မုန်တိုင်းလာချေပြီ!
ရှန့်ကျန်းမြို့၏ အိမ်တော်ကောင်းတစ်ခုတွင် မုတ်ဆိတ်ဖြူ၊ ဆံပင်ဖြူနှင့် အဘိုးအိုတစ်ယောက်သည် အဝါရောင်စက္ကူပေါ်တွင် တစ်စုံတစ်ခုကို ရေးသားနေသည်။
ရှန့်ကျန်းမြို့မှ မျက်နှာဖုံးပုဂ္ဂိုလ်များသာ အိမ်တော်နား ရှိနေပါက ဤအဘိုးအိုအား သူတို့ ချက်ချင်း သတိပြုမိမည်ပင်။ သူသည် ဟွာရှနိုင်ငံတစ်ခွင်ရှိ ထိပ်တန်း ဆရာသခင်အဆင့် စွမ်းအားပိုင်ရှင် လေးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် လီကျိုးယောင် ဖြစ်ပေသည်။ လီရှန့်ကျန်းဟုလည်း လူသိများပေသေးသည်။
သူ၏ လက်ကောက်ဝတ်အား ပျံသန်းနေသော နဂါးတစ်ကောင်ကဲ့သို့ ပေါ့ပါးသွက်လက်စွာ လှုပ်ရှားနေသဖြင့် စက္ကူပေါ်၌ ဖားလောင်းလေးများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။
နောက်ဆုံးစုတ်ချက် ပြီးသွားသည့်အခါမှသာ မာစတာလီ သက်မချနိုင်တော့သည်။
"ဟူး…နောက်ဆုံးတော့ ငါ အဆောင်တစ်ခု ဆွဲလို့ပြီးသွားပြီပဲ"
မာစတာလီက ကျယ်လောင်စွာ ပြောရင်း နဖူးမှ ချွေးစများကို သုတ်လိုက်သည်။ အဆောင်တစ်ခု ပြီးမြောက်ရန် စိတ်ဝိညာဉ် စွမ်းအားရော ကာယအားပါ အတော်လေး အသုံးပြုရပုံ ပေါ်သည်။
"ဒီအဆောင်က ဆရာသခင်အဆင့် တစ်ယောက်ရဲ့ တိုက်ကွက်ကိုတောင် ခုခံနိုင်တယ်။ ရှောင်စစ် ပြန်လာရင် သူ့ကို ဒါလေး လက်ဆောင်ပေးရမယ်"
သူ၏ အရည်အချင်းရှိသော တပည့်ကျော်လေးအကြောင်း တွေးမိသည်နှင့် သူ ကျေနပ်ပုံ ပေါ်လွင်လာသည်။
သို့သော် ထိုစဉ် မာစတာလီ ထိတ်လန့်သွားကာ ရင်တုန်ပန်းတုန် ဖြစ်လာသည်။
"သေစမ်း … တစ်ယောက်ယောက်က ငါ့ရဲ့ သွေးစွန်း ကိုယ်ပျောက် မန္တန်ကို ဖျက်ဆီးလိုက်ပြီ"
မာစတာလီ၏ မျက်နှာက ချက်ချင်း သုန်မှုန်လာ၏။ သူ၏ သွေးစွန်းကိုယ်ပျောက် မန္တန်တိုင်းတွင် သူ၏ သဘာဝစွမ်းအင်များ ပါဝင်နေသည်။
![](https://img.wattpad.com/cover/222053279-288-k224583.jpg)
ESTÁS LEYENDO
ငရဲမှလာသောသူ [Chapter 1 to 200]
Acción#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...