Chapter 17

3.5K 473 1
                                    

#unicode

ငရဲမှလာသောသူ
အပိုင်း (၁၇) လူတစ်ယောက်ကို စောင့်နေတာ

**အမှိုက်တကာ့အမှိုက်**

**လှည့်စားမှုတစ်ခု**

…..

ယဲ့ဖန်စကားကြောင့် ဘားတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။

**သူ ရူးနေပြီ**

**သူက ရိုစ့်ရှေ့မှာ အစ်မကြီးရဲ့အရက်ကို အမှိုက်တကာ့အမှိုက်လို့ ပြောရဲတဲ့ ပထမဆုံးသူပဲ**

ရိုစ့်၏ အာဏာအောက်တွင် ခဏခဏ စိန်ခေါ်နေသောသူ့ကို အားလုံး မယုံနိုင်ဖြစ်နေသည်။

**ဒါ… ဒါ မယုံနိုင်စရာပဲ**

ထိုအချိန်တွင် ဖေးချမ်၊ ချွီထောင်နှင့် မိန်းကလေးသုံးယောက် ကြက်သေ သေနေကြသည်။

….

ယဲ့ဖန်ကို ကြည့်နေရင်း သူတို့ တံတွေး မနည်းမြိုချနေရသည်။ ယဲ့ဖန် ရူးသွားပြီဟုလည်း ထင်နေကြသည်။ မဟုတ်လျင် ရိုစ့်ရှေ့၌ ဒီလိုစကားမျိုး သူ ဘယ်ပြောရဲပါ့မလဲ။

**ငါတို့တော့ သေပြီပဲ**

ဖေးချမ်၏ကျောတွင် ချွေးများနှင့် ရွှဲနစ်နေသည်။ ဖြားယောင်းသွေးဆောင်နိုင်သော ရိုစ့်၏မျက်နှာက တဖြည်းဖြည်း သုန်မှုန်လာတာနှင့်အမျှ ဖေးချမ် ပို၍ ထိတ်လန့်လာသည်။

သူနှင့် ယဲ့ဖန် ဝမ်းနည်းစရာ အဖြစ်အပျက်မျိုးနှင့် ကြုံရတော့မည်ကို သူ တပ်အပ်သိနေသည်။ ဒီနေရာကနေ ကန်ထုတ်မခံရခင် အနည်းဆုံး သူတို့ ခြေလက်တွေ ကျိုးပဲ့ခံရလိမ့်မည်။

ချွီထောင်တို့အုပ်စု ခဏမျှ ထိတ်လန့်နေပြီးနောက် ဟားတိုက်ရယ်မောကြသည်။

"အရူး…. ဒီဂြိုဟ်ဆိုးကောင်က လုံးဝကို အရူးပဲ… သူက ကုန်းမိသားစုကို အတိုက်အခံလုပ်ရုံတင်မကဘဲ ရိုစ့်ကိုပါ ပြန်ပြောရဲတယ်… ဒီကောင်တော့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"

ယဲ့ဖန် ဒီနေရာကနေ ခြေထောက်ကျိုးပြီး ကန်ထုတ်ခံရမှာကို မြင်ယောင်ရင်း ချွီထောင် အကျယ်ကြီးအော်ရယ်မိမလို ဖြစ်သွားသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Où les histoires vivent. Découvrez maintenant