စာစဉ် (10) Chapter (139) ဟုတ်တယ်၊ မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာ!
အမာရွတ်နှင့်လူ၏ ခေါင်းနှင့်ကိုယ် အိုးစားကွဲကာ ကြမ်းပြင်ပေါ် ပြုတ်ကျလာသည်။ ထိတ်လန့် တုန်လှုပ်နေသော မျက်နှာထားနှင့် သူ၏ ဦးခေါင်းက ၁ မီတာ၊ ၂ မီတာခန့် ဝေးသော နေရာသို့ လွင့်ထွက်သွားသည်။
သူ သေသွားသည့်အချိန်ထိ ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် မသိလိုက်ပါ။ ဘားတစ်ခုလုံး တိတ်ကျသွားသည်။
အမာရွတ်နှင့်လူ၏ ခေါင်းနှင့် ကိုယ်တို့ ကြမ်းပြင်ပေါ် လဲကျသွားသည်ကို မြင်ပြီးနောက် အေးစက်သော ချီဓာတ်တစ်ချို့က သူတို့၏ ခေါင်းမှခြေဆုံး အထိ တိုးဝင်လာသလို ခံစားရသဖြင့် သူတို့ ခေါင်းပုသွားကျသည်။
အမာရွတ်နှင့်လူ မည်သည့်သတိပေးချက်မှ မရလိုက်ဘဲ ခေါင်းပြတ်သွားခြင်း ဖြစ်သည်။
*မ…မဖြစ်နိုင်ဘူး*
သူတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်၍ မယုံသင်္ကာဖြစ်နေသည့်ဟန်များ ပေါ်လွင်နေကာ သူတို့ မြင်လိုက်ရသည့် အဖြစ်အပျက်က ထင်ယောင်ထင်မှား ဖြစ်နေခြင်းဟု ထင်လိုက်မိကြသည်။
…
သူတို့အားလုံးက ယဲ့ဖန်အား သံသယမျက်လုံးများဖြင့် ကြည့်ကာ
"ဒါတွေ အကုန်လုံးကို … အဲ့လူ လုပ်လိုက်တာလား?"*ဒါပေမယ့် သူ ဘယ်လိုလုပ်လိုက်တာလဲ?*
ယဲ့ဖန် ဘယ်တုန်းက ဘယ်လို တိုက်ကွက်ထုတ်လိုက်မှန်း မည်သူမှ မသိလိုက်ကြပါ။ နတ်ဆိုးဆန်သော တိုက်ကွက်က အားလုံးကို ထိတ်လန့်သွားစေသည်၊ အထူးသဖြင့် ထိပ်ပြောင်ပြောင်နှင့်လူပင်။
သူ့အစ်ကို၏ အလောင်းကို ကြည့်ပြီး သူ ပူဆွေးကာ ထိတ်လန့်၍ တုန်လှုပ်လာသည်။
"ငါ့အစ်ကိုကြီး သေသွားပြီ … မဖြစ်နိုင်ဘူး .. ဒါ လုံးဝ မဖြစ်နိုင်ဘူး"
ထိပ်ပြောင်ပြောင်နှင့်လူက အံ့ဩနေသော အကြည့်များဖြင့် ရေရွတ်နေသည်။ ထို့နောက် သူက ယဲ့ဖန်ကို ရုတ်ချက်း စိုက်ကြည့်ကာ မေးလာသည်။
"မင်း ဘယ်သူလဲ? မင်း … မင်းက ဘယ်လိုလူလဲ?"
နဖူးတွင် ချွေးများ စို့နေရင်း သူက ယဲ့ဖန်ကို မယုံသင်္ကာဖြင့် ကြည့်နေသည်။

ESTÁS LEYENDO
ငရဲမှလာသောသူ [Chapter 1 to 200]
Acción#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...