Chapter 141

2.1K 177 1
                                    

စာစဉ် (10) Chaprter (141) ဒီအပင်ကို ကာကွယ်စောင့်ရှောက်မလား၊ အသေခံမလား!

ပိန်းပိတ်အောင် မှောင်နေသော လမ်းပေါ်တွင် လူနှစ်ဦး ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်။

ယဲ့ဖန်သည် နတ်ဆိုး ပြန်လည်ရှင်သန်ခြင်း ဆေးလုံး ဖော်စပ်ရမှ ကျန်ရှိနေသေးသည့် လက်ကျန် ပါဝင်ပစ္စည်းကို သုံး၍ ကူးယွီ၏ ဒဏ်ရာများကို ကုသပေးလိုက်ပြီးပြီ ဖြစ်သည်။ သူ၏ ပျက်စီးသွားသော အရွတ်များပင် အကောင်းပကတိ ပြန်ဖြစ်နေပြီ။

"ဘာတွေ ဖြစ်သွားခဲ့တာလဲ?"

ယဲ့ဖန်က ကူးယွီကို ကြည့်၍ မေးလိုက်သည်။ ကူးယွီသည် မိုရိုသွေးစွန်းတစ္ဆေနှင့်တောင် ယှဉ်လို့ရသည့် ကြယ်တစ်လုံးအဆင့် စွမ်းအားပိုင်ရှင် ဖြစ်သည်။ သို့သော် သူ၏ အရွတ်များ ပျက်စီးကာ တိရိစ္ဆာန်ကဲ့သို့ ရောင်းချခြင်း ခံခဲ့ရသည်။

ကူးယွီက ဝမ်းနည်းနေသော မျက်နှာနှင့် လျင်မြန်စွာ ရှင်းပြလိုက်သည်။

"သခင်၊ လွန်ခဲ့တဲ့ရက်တွေက ကျွန်တော် ကျန်းပေမြို့ကို ပြန်လာပြီး စစ်ခုန်ကလန် ခေါင်းဆောင်အဖြစ် တစ်ယောက်ယောက်ကို တင်မြှောက်ဖို့ ပြင်ဆင်ခဲ့ပါတယ်၊ မမျှော်လင့်ဘဲ စစ်ခုန်ထို့ရဲ့ ညီ စစ်ခုန်လေ့က ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် တစ်ယောက်ကို ခေါ်ပြီး အိမ်ကို ပြန်လာခဲ့တယ်"

ထို့နောက် ကူးယွီ၏ မျက်နှာက အလွန်သုန်မှုန်လာပြီး "စစ်ခုန်လေ့က သူ့ကိုယ်သူ စစ်ခုန်ကလန်ရဲ့ ခေါင်းဆောင်အသစ်အဖြစ် ကြေညာခဲ့တယ်၊ နောက်တော့ သူက အဲ့ဒီ ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်ကို ကျွန်တော့်ရဲ့ ခြေလက်တွေက အရွတ်တွေကို ဖျက်ဆီးခိုင်းခဲ့ပြီးတော့ အမာရွတ်ဆီမှာ ရောင်းစားခဲ့ပါတယ်၊ ကျွန်တော် အတော်လေး လူရယ်စရာ ဖြစ်ခဲ့ပါတယ်"

*စစ်ခုန်လေ့?*

ယဲ့ဖန်၏ မျက်လုံးများက ရုတ်ချည်းဆိုသလို မှုန်သိုးသိုး ဖြစ်သွားသည်။ ထိုစဉ် သူ့ဖုန်းမှ အသံထွက်လာသည်။

ယဲ့ဖန် ချက်ချင်း ဖုန်းကိုင်လိုက်သည်။ ထို့နောက် ဖုန်းထဲမှ အလွန်စိတ်လှုပ်ရှား ပျော်ရွှင်နေသော အသံကို ကြားလိုက်ရသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now