Chapter 162

2.1K 178 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author : Autumn Wind 123
ဘာသာပြန် : Han Shin

စာစဉ် (11) Chapter (162) လော့ကလန် လုံးဝဥဿုံ ပြိုလဲခြင်း!

ရွှစ်!

ကြယ်သုံးလုံး အဆင့် တစ်ယောက် အားစစ်၏ သန်မာသော ချီဓာတ်ကြောင့် ကိုယ်နှစ်ပိုင်း ကွဲသွားလေသည်။

လော့ကလန်၏ ခြံဝန်းအတွင်းတွင် အလောင်းများဖြင့် ဖုံးလွှမ်းလို့နေသည်။

မြေကြီးသည် သွေးစီးချောင်းများဖြင့် စိုစွတ်နေသလို လေထုထဲတွင်လည်း သွေးနံ့များဖြင့် ဖုံးလွှမ်းလို့နေ၏။

လော့ကလန်၏ နောက်ဆုံးနေ့ရက်သို့ ရောက်ရှိလို့လာချေပြီ။

"သေပေတော့…သေပေတော့…သေလိုက်တော့ကွာ"

လော့ကလန်၏ ကျန်ရှိနေသေးသော အင်အားကြီးသူများက ဒေါသထွက်ကာ နတ်ဆိုးအလောင်းကောင် အားစစ်အား အင်အားအပြည့်ဖြင့် တိုက်ခိုက်နေကြသည်။

သို့သော်လည်း သူတို့ သေရမည်ပင်။ ငရဲမှ တက်လာသော နတ်ဆိုးနတ်ဘုရားကဲ့သို့ နတ်ဆိုးအလောင်းကောင် အားစစ် ဖြတ်သွားသည့် နေရာတိုင်း အလောင်းများဖြင့် ပြည့်နှက်လို့ လာသည်။

အားစစ်၏ ချီထဲတွင် မကောင်းဆိုးဝါးနှင့် သေလူတို့၏ ချီများ ပါဝင်နေသည်။ သူ၏ ချီဓာတ်နှင့် ထိတွေ့သည့်သူတိုင်း သေရမည်ပင်။

အဆောက်အဦးများ တုန်လှုပ်လာက အခန်းများ ပြိုကျ ပျက်စီးလာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကလန်သားတစ်ဝက်လောက် အသတ်ခံလိုက်ရချေပြီ။

"မဟုတ်ဘူး… ငါ မသေချင်သေးဘူး၊ ငါ မသေနိုင်ဘူး"

ကြယ်နှစ်လုံး အဆင့် တစ်ယောက်က တုန်လှုပ်စွာ ညည်းညူလိုက်သည်။

*ပြီးသွားပြီ*

လော့ကလန် လုံးဝ ကျရှုံးသွားပြီဆိုတာကို သူ သိလိုက်သည်။ ထို ကြယ်နှစ်လုံး အဆင့်သည် တိုက်ပွဲအတွင်းမှ ထွက်ပြေးကာ လော့ကလန်၏ အိမ်ပေါက်ဝသို့ အသည်းအသန် ပြေးထွက်လာခဲ့သည်။

သူ မြန်နိုင်သမျှ မြန်မြန် ပြေးနေသည်။ ထို့နောက်တွင် သူသည် လူးသာလွန့်သာဖြင့် ဂိတ်ဝသို့ ရောက်ရှိလာသည်။ သူ ထွက်ပြေးနိုင်လာမှသာ စိတ်သက်သာရပြီး သက်ပြင်းချနိုင်တော့သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Hikayelerin yaşadığı yer. Şimdi keşfedin