Chapter 159

2.1K 202 1
                                    

စာစဉ် (11) Chapter (159) မင်းတို့ ဝိညာဉ်တွေ ပြန်ရောက်လာဖို့ ငါ အမိန့်ပေးတယ်!

*ဒီလိုဆိုမှတော့ မင်း သေလို့ရပြီ*

သူ၏ စကားအဆုံးတွင် ယဲ့ဖန်သည် ချက်ချင်း ညအမှောင်အတွင်း ပျောက်ကွယ်သွားသည်။ ယဲ့ဖန် ပျောက်ကွယ်သွားသည်ကို မြင်ပြီး လော့စစ်တစ်ယောက် တုန်လှုပ်လာသည်။

ထိုအချိန်တွင် လော့စစ်သည် ရှေးဟောင်းသားရဲတစ်ကောင်၏ ချောင်းမြောင်း စောင့်ကြည့်ခြင်း ခံနေရသည်ဟု ခံစားနေမိသည်။

"ဆရာသခင်တွေထက် မင်းက ပိုသန်မာတယ်ဆိုတာကို ငါ မယုံဘူး၊ ငါ မယုံနိုင်ဘူးကွာ"

လော့စစ်က မထီမဲ့မြင်ပြုံး၍ သူ့ကိုယ်တွင်းမှ ကျန်ရှိနေသော ချီဓာတ်များအားလုံးကို ထုတ်ဖော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏ ချီဓာတ်က အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားသည်။ ထို့နောက် သူက အားနှင့် လက်သီးထိုးချလိုက်သည်။

သူ၏ လက်သီးချက်သည် အလွန်သန်မာပြင်းထန်လှသဖြင့် အသံထက်မြန်သော လေထုပေါက်ကွဲမှုကိုပင် ဖြစ်စေလာသည်။

ဘန်း!

ကျယ်လောင်သော ပေါက်ကွဲသံထွက်ပေါ်လာသည်။ သူ့လက်သီး ထုံသွားသဖြင့် လော့စစ် နောက်သို့ ခြေသုံးလှမ်း ဆုတ်လိုက်ရသည်။

ထို့နောက် မျက်စိတစ်မှိတ်အတွင်း ယဲ့ဖန် ပြန်ပေါ်လာသည်။

"နောက်တစ်ခေါက်"

ယဲ့ဖန်က အလွန်ပျော်ရွှင်စွာ ပြုံးလို့နေသည်။ သူ ပြန်လည်မွေးဖွားလာပြီးကတည်းက သူနှင့် သင့်တော်သည့် ပြိုင်ဘက်ကို ယခုမှ ပထမဆုံးအကြိမ် ဆုံခြင်းဖြစ်သည်။

ထို့နောက် သူက သူ၏ ခွန်အားအကုန်ထုတ်သုံးကာ လော့စစ်၏ အတွင်းအားချီဓာတ်အား စုပ်ယူလိုက်သည်။

စကားပြောနေရင်း ယဲ့ဖန်က လော့စစ်အား ထပ်ထိုးလိုက်သည်။

ဘန်း! ဘန်း! ဘန်း!

တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားလို့နေပြီး တစ်ယောက်နှင့်တစ်ယောက် စစ်နယ်ရှင်များကဲ့သို့ တိုက်စစ်ဆင်နေကြ၏။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now