Chapter 166

2.1K 180 2
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (12) Chapter (166) ငါ မင်းကို ဘယ်လိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုမျိုး လုပ်မိလို့လဲ

ရို့ယွီသည် ပထမတန်းစား အလှလေးပင်။ ဝိုင်းစက်လှပသော မျက်နှာကျ၊ မိုးမခ သစ်ရွက်ကဲ့သို့ မျက်ခုံး၊ နှုတ်ခမ်းဖူး သေးသေးလေး၊ နှာခေါင်းသေးသေးလေးနှင့် သူမသည် နတ်သမီးလေးတစ်ပါးကဲ့သို့ လှပလှလေသည်။

သူမ၏ ပင်ကိုယ်သဘာဝကိုက လက်ဘက်ရည်ကဲ့သို့ လန်းဆန်း တက်ကြွလှလေသည်။ သူမကို မြင်လိုက်သည့် မည်သည့်ယောကျ်ားသားမဆို သူမကို ချက်ချင်း နှစ်သက်သွား လောက်ပေသည်။

ချက်ချင်းဆိုသလိုပင် နေရာတွင် ထိုင်နေကျသော သခင်လေးများက ထရပ်ကာ သူတို့ထံ လှမ်းနှုတ်ဆက်လာကြသည်။

သူတို့က သူတို့ ဝယ်လာသည့် လက်ဆောင်များကို ရို့ယွီနှင့် မော့ထျန်းချန်တို့ကို ပေးအပ်ကာ မျက်နှာလုပ်နေကြ၏။

ယဲ့ဖန်တစ်ယောက်တည်းသာ ထောင့်နားတွင် ငြိမ်၍ ထိုင်နေသည်။

"နတ်ဆိုးပညာရပ်"

ရို့ယွီထံမှ အနည်းငယ်မျှသော နတ်ဆိုးချီဓာတ်ကို ယဲ့ဖန် ရှင်းလင်းစွာ အာရုံခံလို့ ရနေသည်။ ဒါ နတ်ဆိုးပညာရပ်ကို လေ့ကျင့်ထားသော တစ်စုံတစ်ယောက်၏ အင်္ဂါရပ်ပင်။

သို့သော် ရို့ယွီ၏ နတ်ဆိုးချီဓာတ်သည် မရှိသေးသဖြင့် ယဲ့ဖန်၏ နတ်ဆိုးချီဓာတ်နှင့် မည်သို့မျှ မယှဉ်နိုင်ချေ။

*ဟင်?*

ထိုစဉ် ရို့ယွီသည် တစ်စုံတစ်ယောက်က သူမကို ထောင့်နားလောက်ကနေ စိုက်ကြည့်နေသည်ကို သတိထားမိသွားသည်။ ထို့ကြောင့် သူမ ချက်ချင်း လှည့်ကာ သူ့ကို ကြည့်လိုက်သည်။

ယဲ့ဖန်ကို မြင်လိုက်ရသည့် တစ်ခဏအတွင်းမှာပင် သူမ ကတုန်ကယင် ဖြစ်သွားသည်။

*သူ…သူက ဒဏ္ဍာရီထဲက သူနဲ့ တူလိုက်တာ*

ရို့ယွီ၏ လှပသောမျက်နှာလေးတွင် မယုံသင်္ကာဟန်များ အထင်းသား ပေါ်လွင်လာသည်။

သူမတို့ ခန်းမ၏ အပေါက်ဝသို့ မျက်နှာမူထားသော နံရံတွင် အမြဲတမ်း ပုံနှစ်ခုက နေရာယူထားသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Où les histoires vivent. Découvrez maintenant