စာစဉ် (10) Chapter (145) သူ လာနေပြီ!
*ဒါ… ဒါ နှလုံးစားအဘိုးကြီးလား?*
မြေကြီးပေါ်မှ ပုံပျက်ပန်းပျက် ဖြစ်နေသော အဘိုးကြီးကို ကြည့်ပြီး ဝေ့ကလန်၏ အင်အားကြီးသူများ နားဝေတိမ်တောင် ဖြစ်သွားကြသည်။
သူ၏ ခြေလက်များက အကြီးအကျယ် ထိခိုက်ပျက်စီးနေသည်။ ထို့ပြင် သူ့ဘယ်ဘက်ရင်အုံတွင်လည်း အပေါက်ကြီးတစ်ပေါက် ရှိနေပြီး သူ့နှလုံးက ဆွဲထုတ်ခံထားရသည်။
သူ၏ တင်းမာသော မျက်နှာက အေးခဲလို့နေသည်။ သူ့ပါးစပ်ထဲတွင်လည်း သွေးစသွေးနများနှင့် နှလုံး၏ အစိတ်အပိုင်းအချို့ ကပ်ညိနေသည်။
"သူ သေသွားပြီ၊ နှလုံးစား အဘိုးကြီး သေသွားပြီ၊ ဒါ … လုံးဝ မဖြစ်နိုင်ဘူး"
ဝေ့ကလန်သားများအားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
*နှလုံးစား အဘိုးကြီးက ကြယ်သုံးလုံး အဆင့် စွမ်းအားပိုင်ရှင် မကောင်းဆိုးဝါးလေ၊ ဘယ်သူက သူ့ကို သတ်နိုင်တာလဲ?*
*သူ့ကို သတ်လိုက်တဲ့သူက ဘယ်သူဖြစ်ဖြစ် အဲ့လူက ရက်ရက်စက်စက် နည်းကို သုံးသွားတာပဲ*
*သူ့ကို ကျန်းရှီမြို့က အဲ့ပုရွတ်ဆိတ်လိုကောင်တွေ သတ်လိုက်တာလား?*
ဝေ့ကျန့်သည်လည်း အလွန်အမင်း ထိတ်လန့်နေသည်။ ထို့နောက် သူက ခေါင်းခါ၍ အတွေးတွေကို မောင်းထုတ်ပစ်လိုက်သည်။
ကျန်းရှီမြို့မှ အဖွဲ့သည် လွန်စွာအားနည်းလှသည်ဟု သူ ထင်မိသည်။ သူတို့ကို နှလုံးစား အဘိုးကြီးက လက်တစ်ဘက်တည်းဖြင့်တောင် သတ်လို့ရသည်။
ဝေ့ကလန်သားများအားလုံး မှင်တက်နေကြသည်။
"ဟိုကို ကြည့်ပါဦး၊ ဘာကြီးလဲမသိဘူး?"
ထိုစဉ် အနက်ရောင် ကဒ်များက ကောင်းကင်မှ အနက်ရောင် ဆီးနှင်းပွင့်များလို ကျဆင်းလာသည်။
ဝေ့ကလန်သားတိုင်းက တစ်ယောက် တစ်ကဒ်ဆီ ကောက်ယူလိုက်သည်။ ထိုကဒ်ပေါ်တွင် ကြောက်မက်ဖွယ် စကားလုံး ခြောက်လုံးကို သွေးဖြင့် ရေးသားလို့ထားသည်။
![](https://img.wattpad.com/cover/222053279-288-k224583.jpg)
KAMU SEDANG MEMBACA
ငရဲမှလာသောသူ [Chapter 1 to 200]
Aksi#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...