ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123စာစဉ် (12) Chapter (168) ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်
*နတ်ဆိုးတွေက ဘယ်တော့မှ မသေဆုံးဘူး… နတ်ဆိုး ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ*
ရို့ယွီ ကျယ်လောင်စွာ ပြောလိုက်ပြီးနောက်တွင် ဘားတစ်ခုလုံး တိတ်ဆိတ်သွားသည်။
သခင်လေးများ အားလုံး ငေးငိုင်သွားကြသည်။
နိုင်ငံ့ အလှနတ်ဘုရားမလေး၊ အာရှ၏ ဘုရင်မ ဖြစ်ပြီး များစွာသော သူများ၏ မျက်လုံးတွင် အလှဆုံး မိန်းကလေးဟု မှတ်ယူထားခြင်း ခံထားရသော သူမက ယဲ့ဖန်ရှေ့ ဒူးထောက်လို့ နေ၏။
*ဒါ…လုံးဝ မဖြစ်နိုင်ဘူး*
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူတို့အားလုံး ဆူညံပွက်လော ရိုက်လာကြသည်။ အားလုံး၏ မျက်နှာတွင် အကြီးအကျယ် ထိတ်လန့်ပြီး မယုံသင်္ကာဖြစ်နေသည့် အမူအရာများ ရှိလို့နေသည်။
သူတို့အားလုံး ဤသည်က ထင်ယောင်ထင်မှား ဖြစ်နေတာဟုသာ ယုံကြည်ချင်နေကြသည်။
မော့ထျန်းချန်၏ မျက်နှာက သေမတတ် ဖြူရော်နေကာ ဇဝေဇဝါလည်း ဖြစ်လို့နေသည်။ သူ့မျက်လုံးထဲတွင် ရို့ယွီသည် ထိပ်တန်း နတ်ဘုရားမလေး ဖြစ်ပေသည်။
မိန်းမလှလေး၏ အပြုံးကို ရရှိရန် သူ မည်သို့လုပ်ရ လုပ်ရ ကြိုးစား၍ ပြုံးရယ်အောင် လုပ်ခဲ့သည်။
သို့သော် သူမက ယဲ့ဖန်ရှေ့ ကြမ်းပြင်ပေါ်တွင် အလွန် ရိုသေလေးစား ဟန်ဖြင့် ဒူးထောက်နေသတဲ့လား။ ဒါ…ဒါ အိပ်မက်ဆိုး တစ်ခုလိုပင်။
အခြားသူများ၏ မျက်နှာအမူအရာများကို ရို့ယွီ ရိပ်မိသည်။ သို့ပင်မယ့် သူမက ယဲ့ဖန်အား အလွန် ရိုကျိုးဟန်ဖြင့် ကြည့်ကာ ဆက်ပြောလိုက်သည်။
"ကျိုကလန်ရဲ့ မျိုးရိုးစဉ်ဆက် အယူဝါဒအရ ကျွန်မတို့က ကျွန်မတို့ရဲ့ ဘိုးဘေးကို အရိုအသေမပေးခင် ကျွန်မတို့ ဘိုးဘေးရဲ့ သခင်ကြီးကို အရိုအသေပေးရမှာပါ"
"ကျိုကလန် စောင့်နေခဲ့တာ နှစ်တစ်ထောင် ရှိခဲ့ပါပြီ။ မျိုးဆက်တစ်ခုချင်းစီတိုင်းက သခင့်ရဲ့ အကူအညီကို မမေ့ခဲ့ပါဘူး။ ဒီနေ့ ကျွန်မတို့ရဲ့ သခင်နဲ့ ပြန်ဆုံပြီးတဲ့နောက်တော့ ကျွန်မ သေရင်တောင် နောင်တမရတော့ပါဘူး"
![](https://img.wattpad.com/cover/222053279-288-k224583.jpg)
YOU ARE READING
ငရဲမှလာသောသူ [Chapter 1 to 200]
Action#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...