Chapter 41

3.1K 358 1
                                    

#unicode
အပိုင်း (၄၁) သူကမှ တကယ့်နတ်ဆိုးပဲ

ဖျောက်ခနဲ အသံ ထွက်ပေါ်လာပြီးနောက် ဝံပုလွေရိုင်းသည် မျက်လုံးကို မှိတ်ကာ သေမည့်အချိန်ကို စောင့်နေလိုက်သည်။

ထိုအသံကြောင့် ဝံပုလွေရိုင်း အကြီးအကျယ် တုန်လှုပ်သွားသည်။

*ငါ သေသွားပြီလား?*

ကျန်းရှီမြို့၌ သုံးနှစ်တိတိ ပြိုင်ဘက်ကင်းခဲ့သည့် ဝံပုလွေရိုင်းအဖို့ အခုလိုမျိုး တစ်ချက်တည်းနှင့် အသတ်ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။

ထို့ကြောင့် ဝံပုလွေရိုင်း ခါးသီးစွာ ပြုံးလိုက်မိသည်။
သို့သော် မည်သည့်နာကျင်မှုမှ မခံစားရသည့်အတွက် သူ အံ့အားသင့်သွားရသည်။

*ဘာ…ဘာဖြစ်သွားတာလဲ?*

ဝံပုလွေရိုင်း မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်ပြီး နောက် မြင်လိုက်ရသည့်အရာကြောင့် အကြောအခြင်တွေ တောင့်တင်းသွားရသည်။

လက်ခြောက်ချောင်းမြွေ၏ ချွန်ထက်နေသော လက်သည်းက သူ့လည်ပင်းနှင့် ၃စင်တီမီတာအကွာ၌ ရှိနေပြီး ထိုလက်ကို လက်တစ်ဘက်က ဖမ်းဆုပ်ထားသည်။

ထို့ပြင် လက်ခြောက်ချောင်းမြွေ၏ လက် ခြောက်ချောင်းလုံးသည် ကျိုးနေကာ ပုံပျက်ပန်းပျက် ဖြစ်နေသေး၏။

ရုတ်တရက် ဝံပုလွေရိုင်း စူးစူးဝါးဝါးအော်လိုက်သံကို ကြားလိုက်ရသည်။

"အား…အား..အား…ငါ့လက်!"

လက်ခြောက်ချောင်းမြွေ၏ မျက်နှာသည် ဖြူရော်နေကာ နောက်သို့ အလျင်အမြန် ပြန်ဆုတ်သွားသည်။

သူ၏လက် ခြောက်ချောင်းလုံး ကျိုးနေသည်ကို သူ မယုံနိုင်သလို ဖြစ်နေ၏။

*မယုံနိုင်စရာပဲ…ငါ့…ငါ့လက်ချောင်းတွေ အကုန်ကျိုးသွားတာလား?*

လက်ခြောက်ချောင်းမြွေ ဤအဖြစ်အပျက်ကို လက်မခံနိုင်သေး၊ သူသည် သူ၏ အစွမ်းထက်လှသော လက်သည်းများကြောင့် နာမည်ကြီးလှသည်။ သူ့လက်သည်းသည် သံမဏိကိုတောင် ဖြတ်နိုင်သည်။

သို့သော်လည်း ယဲ့ဖန်၏လက်ထဲတွင် သူ့လက်သည်းများက ဆွေးနေသော သစ်သားကဲ့သို့ ဖြစ်သွားလေသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Où les histoires vivent. Découvrez maintenant