Chapter 135

2.4K 203 1
                                    

စာစဉ် (9) ဒီအပိုင်းမှာ ပြီးပါပြီ ... ဝန်ဇင်းကနေ ဝယ်ဖတ်ချင်တယ်ဆိုရင် စာစဉ် (10) ကနေ စတင်ဝယ်ယူဖတ်ရှုလို့ ရပါတယ် gp ဝင်မယ်ဆိုရင်တော့ gp 2 ဝင်ကြေးက 2500 ပါ

စာစဉ် (9)Chapter (135) အန်းရှီ၏ သေရေးရှင်ရေး ကာလ!

လမ်းကြိုလမ်းကြား တစ်ခုတည်းတွင် မော့ထောင်သည် သေမင်းထံမှ လွတ်အောင် ပြေးနေသကဲ့သို့ တတ်နိုင်သလောက် မြန်မြန် ပြေးနေလေသည်။

သေမတတ်ဖြူရော်နေသော မျက်နှာနှင့် သူ့နဖူးမှလည်း ချွေးဒီးဒီးကျနေသည်။ သူ့ပုံစံက အလွန်အမင်း ကြောက်လန့်နေသည့် ပုံပင်။

"သေစမ်း၊ သေစမ်း၊ သေစမ်း"

ယဲ့ဖန်သည် သူ မယှဉ်နိုင်သော ပြိုင်ဘက်တစ်ယောက်ဟု မော့ထောင် ထင်လာပေသည်။

ယဲ့ဖန်ကို သူ ရန်စလိုက်မိပြီ ဖြစ်သည့်အတွက် သူ့အစီအစဉ် အားလုံး ပျက်စီး သွားလေတော့သည်။

ထို့ကြောင့် မော့ထောင် သူ့ကို အလွန် မုန်းတီးနေသည်။

"နတ်ဆိုးကို ရန်သူ တော်မိမယ်ဆိုတာကိုသာ ငါ သိခဲ့ရင် ငါ သူ့ကို ဘယ်တော့မှ ရန်စမိမှာ မဟုတ်ဘူး"

မော့ထောင် အလွန့်အလွန်ကို နောင်တရနေ၏။ သို့သော် သူ့အတွက် နောင်တရရန် အလွန် နောက်ကျ သွားပြီဖြစ်သည်။
သူ ကျန်းရှီမြို့မှ တတ်နိုင်သလောက် မြန်မြန် ထွက်ပြေးနိုင်ဖို့သာ မျှော်လင့်နေမိသည်။

မော့ထောင် မြန်နိုင်သမျှ မြန်မြန် ပြေးနေသည်။

လမ်းကြားလေးထဲသို့ သူ ချိုးကွေ့ဝင်လိုက်သည်နှင့် မြေကြီးတစ်လျှောက် ထူးဆန်းသော စာများကို သူ သတိထားလိုက်မိသည်။

ထိုစာများက ယခုလေးတင် ရေးဆွဲထားသည့်ပုံပင်။

မော့ထောင် လမ်းအဆုံးသို့ ရောက်သောအခါ သူ ရုတ်တရပ် ရပ်သွားသည်။

သူက ရှေ့တည့်တည့်သို့ ပြာနှမ်းနေသော မျက်နှာနှင့် ကြည့်ကာ ဗလုံးဗထွေး ရေရွတ်လိုက်မိသည်။

"ယဲ့… ယဲ့ဖန်"

သိပ်မဝေးသော နေရာတွင် အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်က နံရံကို မှီကာ စီးကရက် သောက်လို့နေသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Tahanan ng mga kuwento. Tumuklas ngayon