စာစဉ် (11)Chaper (154) ထူးဆန်းသော မှော်စာလုံး!
*ဘယ်လောက်တောင် အင်အားကြီးလိုက်တဲ့စစ်တပ်လဲ*
ကျားထက်ပင် ပို၍ သန်မာပုံရသည့် အလွန်ကြံ့ခိုင်သော သူများကို မြင်ပြီးနောက် ခြံဝန်းထဲရှိ ဧည့်သည်များအားလုံး ချက်ချင်း အလေးအနက် ဖြစ်လာကြသည်။
သူတို့အားလုံးကို သန်မာပြင်းထန်သည့် ချီဓာတ်များက ဝန်းရံလို့ထားသည်။ စာနာစိတ်ကင်းမဲ့သော မျက်လုံးများ၊ လက်များနှင့် သူတို့သည် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြပြီးလေပြီ။
သူတို့သည် အလွန်ကြမ်းတမ်းသည့် သူများ ဖြစ်လေသည်။ ဒါဇင်နှင့်ချီသော သူတို့ အတူတူ ရပ်နေကြသည့်အခါတွင် သူတို့၏ ကြီးစိုးခြယ်လှယ်တတ်သော ချီဓာတ်များက လူတိုင်းကို ထိတ်လန့်သွားစေသည်။
"အဖွဲ့ထဲက အားအနည်းဆုံးသူတွေကတောင် S အဆင့် ရှိတယ်..."
ဧည့်သည်များ ချွေးဒီးဒီးကျလာတော့သည်။ ကြယ်တစ်လုံး အဆင့်တစ်ယောက်ထဲကတောင် ကျန်းရှီမြို့တစ်ခွင်တွင် ပြိုင်ဘက်ကင်းနေပြီဖြစ်သည်။ ဒါဇင်နှင့်ချီနေလို့ကတော့ ပြောစရာစကားတောင် မရှိတော့ပေ။ ဒါတောင်မှ အားအနည်းဆုံးသူများက ကြယ်တစ်လုံး အဆင့် ဖြစ်နေသည်။
ခေါင်းဆောင်သည် လူလတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်ပြီး ဓားကဲ့သို့ ဖြောင့်တန်းနေသော မျက်ခုံးနှင့် ကျားကဲ့သို့ ကြမ်းကြုတ်သော မျက်ဝန်းများ ရှိပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်း၍ ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ သူသည် ကြယ်သုံးလုံး အဆင့် စွမ်းအားပိုင်ရှင်လည်း ဖြစ်ပေသေးသည်။
ထိုအချိန်တွင် ခြံဝန်းတစ်ခုလုံး ပျာယာခတ်သော အခြေအနေသို့ ကျရောက်သွားလေတော့သည်။ အဖမ်းခံထားရသည့် သူ ဆယ်ယောက်လုံးတောင်မှ မျက်ခုံး ခပ်လှုပ်လှုပ်ဖြစ်နေကြသည်။
"သွေးစွန်း...သွေးစွန်း ဓားနှစ်လက်"
သွေးစွန်းတစ္ဆေ၏ မျက်နှာသည် အလွန်ထိတ်လန့်နေပုံ ပေါ်နေသည်။
သူတို့အဝတ်အစားပေါ်နှင့် ရင်ဘက်ပေါ်ရှိ တူညီသော သင်္ကေတကို သတိထားမိသွားသည်။ 'သွေးစွန်းနေသောဓားနှစ်လက်ကို ကြက်ခြေခတ်ထားခြင်း'
သူတို့သည် ကမ္ဘာပေါ်ရှိ ထိပ်တန်း ရွှေရောင်အဆင့် ကြေးစားဆယ်ဖွဲ့ထဲမှ တစ်ခုဖြစ်သည့် သွေးစွန်း ဓားနှစ်လက် ကြေးစားအဖွဲ့ ဖြစ်လေသည်။
STAI LEGGENDO
ငရဲမှလာသောသူ [Chapter 1 to 200]
Azione#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...