Chapter 30

3.4K 390 2
                                    

#unicode

အပိုင်း (၃၀) သူ လုံးဝ ရူးနေပြီ!

Lamborghini ကားထဲတွင် ဆံပင်အဝါရောင်နှင့် ကောင်လေးနှစ်ယောက် အေးအေးဆေးဆေး စကားပြောနေကြသည်။

"အားဆန်… အဲ့အလှလေးကို ရင်းနှီးနေတယ်လို့ မင်း မထင်ဘူးလား" ဆံပင်အဝါရောင်လေးနှင့် ကောင်လေးက သူ့သူငယ်ချင်းကို မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ "ငါ သူ့ကို တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ"

သူ့စကားကြောင့် အားဆန်ဟု ခေါ်သည့် ကောင်လေးက "ထားလိုက်စမ်းပါကွာ… သူမက လှလွန်းလို့ မင်း သူ့ကို ဘုချင်နေတာမလား။ အမှန်အတိုင်း ပြောရရင် သူမက တော်တော်လှတာကွ။ သူ့မျက်နှာလှလှလေးနဲ့တင် သူမက တကယ့်ကို ထိပ်တန်း နတ်ဘုရားမပဲကွ"

လင်းလန်၏ မျက်နှာလေးကို မြင်ယောင်ရင်း အားဆန် သွားရည်ယိုလာသည်။

လင်းလန်နှင့် ယှဉ်လျင် သူ့ကောင်မလေးက လုံးဝကို ရွက်ကြမ်းရေကျိုပင်။

တစ်ခြား ဆံပင်အဝါရောင်နှင့်ကောင်ကလည်း ညစ်ပတ်စွာ ပြုံး၍ မနာလိုစွာ ပြောလာသည်။

"နှမြောစရာကြီးကွာ… ဒီလောက်ကောင်းတဲ့ ဂေါ်ဖီထုပ်ကြီးက တောသား ဖျက်စီးတာ ခံလိုက်ရတယ်လို့။ ဘယ်လိုလုပ် သာမန်ကားမောင်းတဲ့ကောင်ရဲ့ ဆော်က ငါတို့ဆော်တွေထက် ပိုလှနေရတာလဲ။ မတရားလိုက်တာ"

သူဌေးသားများ ဖြစ်သည့်အားလျော်စွာ သူတို့သည် မိန်းကလေးတွေ ထည်လဲတွဲလေ့ရှိသည်။ သို့သော်လည်း ဒီလောက် ရှားပါးလှသည့် အလှမျိုးတော့ သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

သူ့စကားကြောင့် အားဆန် ဒေါသထွက်နေသော မျက်နှာနှင့် ပြန်ပြောလိုက်သည်။ "ဟုတ်ပါ့ကွာ…. အဲ့ဆင်းရဲသားရဲ့ကားက ငါတို့ကားကို ယှဉ်တောင်မယှဉ်နိုင်တာ။ ဒီလို အလှလေးမျိုးကို ဘယ်လိုလုပ်ရသွားလဲ မသိပါဘူးကွာ။ စိတ်ပျက်စရာကောင်းလိုက်တာ"

နှစ်ယောက်လုံး ယဲ့ဖန်ကို အရမ်းမနာလို ဖြစ်နေကြသည်။

ထိုစဉ် အသံကျယ်ကြီးတစ်ခုကို ကြားလိုက်ရသဖြင့် သူတို့ ကြောင်အ သွားကြသည်။ နောက်ကြည့်မှန်မှတစ်ဆင့် သူတို့၏ မနီးမဝေးအနေအထားလောက်တွင် ကားတစ်စီး ရှိနေသည်ကို တွေ့လိုက်ရပြီး သူတို့ ထိတ်လန့်သွားကြသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Où les histoires vivent. Découvrez maintenant