Chapter 11

4K 494 15
                                    

#unicode

ငရဲမှလာသောသူ
စာစဥ် (၁) အပိုင်း (၁၁) ပညာတတ်လူဆိုးက ကြောက်ဖို့ကောင်းတယ်

ကျုံးချမ်းကို အခန်းအပြင်သို့ ခေါ်ထုတ်သွားပြီးသည်နှင့် အခန်းက ချက်ချင်းတိတ်ကျသွားသည်။

"သင်ခန်းစာ စလိုက်ရအောင်"

ဖန့်ယင်း‌၏ ကိုယ်လေးသည် အင်မတန်မှ ဆွဲဆောင်မှုရှိသည်။ သူမ၏ သေးသွယ်‌သော ခန္ဓာကိုယ်က ယူနီဖောင်းကြောင့် ပြီးပြည့်စုံ‌သော S သဏ္ဌာန်ကောက်ကြောင်း ပေါ်လွင်နေသည်။

သူမ၏ မြူဆွယ်နိုင်သော မျက်နှာထားနှင့် ထက်မြက်သော ပင်ကိုယ် အရည်အ‌သွေး‌တို့ပါ ပေါင်းစပ်လိုက်သောအခါ တကယ့်ကို နတ်မိမယ်အလားပင်။

ကျောင်းသားတိုင်းနီးပါး ဖန့်ယင်းအား ချစ်ခင်နှစ်သက်သော အကြည့်များဖြင့် ကြည့်ကြသည်။

ဖန့်ယင်းသည် ကျောင်းရှိ ကျောင်းသားများနှင့် ဆရာများ၏ နှလုံးသားထဲရှိ နတ်ဘုရားမလေးပင် ဖြစ်ပေတော့သည်။

အခြားကျောင်းသားများနှင့် မတူတဲ့သူကတော့ ယဲ့ဖန်ပင်၊ သူသည် ခေါင်းကိုမော့ကာ နှာတရှုံ့ရှုံ့လုပ်၍ အနံ့ခံနေသည်။

**အာ? ဒီထူးခြားတဲ့အနံ့က ဘယ်က လာတာပါလိမ့်?**

အနံ့ခံနိုင်စွမ်း ကောင်း‌မွန်သောကြောင့် ယဲ့ဖန်သည် လေထုထဲမှ ထူးခြားသောရနံ့အား ခပ်ရေးရေး အနံ့ခံမိသည်။

**ဒီထူးခြားတဲ့အနံ့က ဘယ်ကလာနေတာလဲဆိုတော့ ...**

ရနံ့အား အနံ့ခံနေရင်း ယဲ့ဖန်၏ အကြည့်သည် ဖန့်ယင်းထံသို့ ရောက်သွားသည်။

**သူမဆီကပဲ**

ရနံ့လာရာကို သိသွားပြီးသည့်နောက် ယဲ့ဖန်၏ မျက်လုံးတွင် ခရမ်းရောင် အလင်းတစ်ချို့ ဖြတ်ပြေးသွားသည်။

သူ၏ ခရမ်းရောင်မျက်လုံးအား အသက်သွင်းလိုက်ပြီးနောက် ယဲ့ဖန် လန့်ဖျပ်သွားသည်။

**ထူးခြားနဲ့ရနံ့နဲ့ ပန်းခရမ်းရောင်သွေးကို ပိုင်ဆိုင်ထားတဲ့သူမက စကြဝဠာတစ်ခုလုံးရဲ့ အခြေခံဒြပ်စင် ငါးခုကို အသုံးပြုနိုင်တဲ့သူပဲ။ သူမက မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပဲ**

ငရဲမှလာသောသူ [Chapter 1 to 200]Donde viven las historias. Descúbrelo ahora