#unicode
အပိုင်း (၂၁) မင်းလုပ်တာ မှားသလား၊ မှန်သလား?
ဘန်း!
ကျယ်လောင်သော အသံထွက်ပေါ်လာပြီးနောက် ဝံပုလွေရိုင်း ကြမ်းပြင်နှင့် မိတ်ဆက်သွားသည်ကို မြင်လိုက်ရပြီး လူတိုင်း စိတ်ထဲလေးလံလာသည်။
**သူသေသွားပြီ**
လူတော်တော်များများက ယဲ့ဖန် သေသွားပြီဟု ထင်နေကြသည်။ သို့သော် သူတို့ သိချင်စိတ်ဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ထိတ်လန့်တကြား ဖြစ်သွားကြသည်။
သူတို့ တွေ့လိုက်ရသည်က ယဲ့ဖန်သည် အဝတ်အစား သပ်သပ်ရပ်ရပ်နှင့် ရှိနေပြီး သူ့ရှေ့တွင် လူပုံသဏ္ဍာန် တွင်းကြီးတစ်တွင်း ရှိနေသည်။ ထိုတွင်းထဲတွင်တော့ ဝံပုလွေရိုင်း ရှိနေသည်။
…..
ထိုမြင်ကွင်းကို ကြည့်ကာ လူတိုင်းက သူတို့ စိတ်ချောက်ချားပြီး ကယောင်ချောက်ချားနှင့် မျက်စိမှောက်သည်ဟု ထင်လိုက်မိကြသည်။
လူတိုင်းနီးပါး ကိုယ့်မျက်လုံးကိုယ် လက်နှင့်ဆက်တိုက်ပွတ်ကာ သေချာအောင် ပြန်ကြည့်ကြပြီးနောက် ဘားတစ်ခုလုံး ပွက်လောရိုက်သွားသည်။
"မဖြစ်နိုင်ဘူး…. ဝံပုလွေရိုင်းက ရှုံးသွားတယ်?... ဒါ လုံးဝမဖြစ်နိုင်ဘူး"
"ဘုရားရေ…. ငါ ဘာကို မြင်လိုက်တာလဲ… ငါ မြင်တာ မှားများမှားနေတာလား…. ငါ အမြင်မှားတာပဲ ဖြစ်မယ်"
"မယုံနိုင်စရာပဲ… ဒါ လုံးဝကို မယုံနိုင်စရာပဲ"
"….."
ဘားထဲရှိလူများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ခုနလေးတင် မောက်မာနေသည့် ဝံပုလွေရိုင်းက အခု ခွေးသေတစ်ကောင်လို ဖြစ်သွားသည်ကို သူတို့ လက်မခံနိုင်ကြသေးပေ။
ချွီထောင်နှင့် မိန်းကလေးသုံးယောက်၏ လှောင်ရယ်သံများ တိခနဲ ရပ်သွားပြီး မျက်လုံးအပြူးသားနှင့် မယုံနိုင်စွာ ကြည့်နေကြသည်။
ချွီထောင် ကိုယ့်ပေါင်ကိုယ် ပြန်ဆိတ်လိုက်ပြီး နာလာမှသာ အိပ်မက်မက်နေတာ မဟုတ်မှန်း လက်ခံလိုက်ရသည်။
ВЫ ЧИТАЕТЕ
ငရဲမှလာသောသူ [Chapter 1 to 200]
Боевик#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...