#unicode
Chapter (50) အဲ့ဒါ…သူပဲ!
ကျယ်လောင်သော ခြေသံများနှင့်အတူ အနက်ရောင်ဝတ်စုံနှင့် လူ အယောက် ၂၀-၃၀ခန့်က အားကစားကွင်းထဲ ဝင်လာကြသည်။
အားလုံးက အနက်ရောင် တီရှပ်နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားကြသည်။
ကျယ်ပြန့်သောကျောပြင်၊ ကြွက်သားအပြည့်နှင့် သွေးကြောများ ထင်းခနဲ ဖြစ်နေပြီး တစ်ယောက်ချင်းစီက ကျားတစ်ကောင်ကဲ့သို့ ရက်စက်ပုံရသည်။
ထိုလူစု အားကစားကွင်းထဲ ဝင်လာသည်ကို ကြည့်ပြီး Class 2 Grade 3 အတန်းသားများအားလုံး ကြောင်အသွားကြ၏။
ထိတ်လန့်ဖွယ်ကောင်းသော ချီဓာတ်ကြောင့် ကျောင်းသားတိုင်း၏ မျက်နှာများ ဖြူရော်လာကြသည်။
*ဟမ်? သံတောင်ကြီးလည်း ဒီမှာ မရှိပါလား?*
Class 2 Grade 3 အတန်းသားများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုလူစု၏ ခေါင်းဆောင် မျက်မှောင်ကြုတ်သွားသည်။
ထို့နောက် သူက နာရီကို ဒေါသတကြီးကြည့်ကာ ပြောလိုက်သည်။
"ဒီကောင် ကျောင်းသားတွေကို တကယ် နှိပ်စက်နေတာပဲ။ ဟွန်း… သုံးစားလို့တောင် မရဘူး။ အတန်းပြီးရင် ဆရာကြီး ပေါ်လာတော့မှာကို ဒီကောင် ဒီအခွင့်အရေးကို ဆုံးရှုံးသွားတာနဲ့ သေချာပေါက် နောင်တရတော့မှာပဲ"
အစီအစဉ်အရ ထိုသူသည် နတ်ဆိုးနည်းပြအား ဆရာကြီးနှင့် မိတ်ဆက်ပေးချင်၍ ကျန်းရှီ မြူနီစီပယ် စီနီယာ အထက်တန်းကျောင်းအား လာခြင်းဖြစ်သည်။
သို့သော် နတ်ဆိုးနည်းပြအား သူ ကျောင်းထဲ၌ ရှာမရ ဖြစ်နေသည်။
ထိုစဉ် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က မြေကြီးပေါ် လဲနေသော နတ်ဆိုးနည်းပြကို မြင်သွားသည်။ ထိုလူ၏ မျက်နှာက ချက်ချင်း တည်လာကာ "အစ်ကိုကြီး…အစ်ကိုတောင်ကြီးက ဟိုမှာ လဲနေတယ်"
*ဟမ်?*
ခေါင်းဆောင် ချက်ချင်း ကြောင်သွားကာ ထိုသူ ညွှန်ပြသောနေရာသို့ လှမ်းကြည့်လိုက်သည်။
ထို့နောက် သူ့မျက်လုံးက မီးဝင်းဝင်းတောက်သွားသည်။
ခေါင်းဆောင်က ထိတ်လန့်တကြားနှင့် နတ်ဆိုးနည်းပြ၏ ရှေ့သို့ ချက်ချင်းရောက်လာသည်။
VOUS LISEZ
ငရဲမှလာသောသူ [Chapter 1 to 200]
Action#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...