#unicode
စာစဉ် (6) Chapter (77) ကုန်းယွင်ဖေး, မင်းအသက်ကို နုတ်ယူဖို့ ငါလာပြီ
အမှောင်ထုက တဖြည်းဖြည်းစိုးမိုးလာလေပြီ။
ဘန်းခနဲ အသံကျယ်တစ်ခု ထွက်ပေါ်လာပြီးနောက် ယဲ့ဖန်က သူ၏ ခြံတံခါးကို ဖွင့်ကာ ခြံဝန်းထဲသို့ ဝင်ရောက်လာသည်။
ထို့နောက် သူ အထိတ်တလန့်နှင့် တုန်လှုပ်သွားသည်။
*ဟာ*
သူ့ခြံဝန်းတစ်ခုလုံး ပျက်စီးနေသည်ကို သူ တွေ့လိုက်ရသည်။
ရှေးဟောင်း နှစ်ချို့ပင်ကြီးများလည်း ကျိုးကျနေကာ သစ်ပင်ပန်းမန်များလည်း အမြစ်ကနေ ဆွဲနှုတ်ခြင်း ခံထားရသည်။
အိမ်တံခါးသည်လည်း ကျိုးပဲ့နေပြီး သူ့အခန်းတွင်လည်း ရှုပ်ပွနေသည်။
ယခင်က လှပသော ရှုခင်းများ ယခု ပျက်စီးပျောက်ကွယ် သွားချေပြီ။ ထိုသည်သာမကသေး ကျိုးပဲ့သွားသော သစ်ပင်များပေါ်တွင် "ယဲ့ဖန် သေလိုက်တော့" ဟူသော စကားလုံးများ ရေးသားထားလေသည်။
*သေစမ်း*
တစ်ယောက်ယောက်က သူ့ခြံထဲဝင်ကာ ရှိသမျှအရာအားလုံးကို ဖျက်ဆီးသွားလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ယဲ့ဖန်မျက်နှာက အကြီးအကျယ် သုန်မှုန်လာသည်။
ယဲ့ဖန် အိပ်ခန်းထဲသို့ ပြေးဝင်လာသောအခါ သူ့စားပွဲပေါ်တွင် အနက်ရောင်ဆံပင်တစ်ချို့နှင့် စာရွက်တစ်ရွက်ကို တွေ့လိုက်ရသည်။
ချက်ချင်းပင် ယဲ့ဖန်၏ သူငယ်အိမ် ကျဉ်းမြောင်းလာသည်။
*လင်းလန်*
ဒီဆံပင်စလေးက လင်းလန်၏ ဆံပင်မှန်း သူ သေချာသိသည်။ ဒီဆံနွယ်မှရသော ရနံ့သည် လင်းလန်၏ ကိုယ်နံ့ ဖြစ်နေသောကြောင့်ပင်။
ယဲ့ဖန် စာရွက်ကို ချက်ချင်း ဖတ်လိုက်သောအခါ စာကြောင်းတစ်ကြောင်းသာ ပါသည်ကို တွေ့လိုက်ရသည်။ ထိုစာကြောင်းကတော့ "မင်း လင်းလန်ကို အသက်ဆက်ရှင်စေချင်သေးတယ်ဆို သံမဏိစက်ရုံပျက်ဆီကို ည ၈နာရီလာခဲ့၊ မင်းကို သတ်မဲ့သူက ကုန်းယွင်ဖေးပဲ"
ŞİMDİ OKUDUĞUN
ငရဲမှလာသောသူ [Chapter 1 to 200]
Aksiyon#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...