အပိုင်း(၆) ယဲ့ဖန်က ငါ့ရည်းစား
တစ်ကြိမ်ကို ၆၈ယွမ်၊ ၁ ကျောင်း နဲ့ ၈ ဆင့်
ပုံစံတစ်မျိုးကို ၆.၈၁၈ ယွမ်
ဒီစကားတွေကို ကြားပြီးနောက် ကျုံးချမ်း တကယ်ကို သွေးအန်တော့သလို ကောင်းကင်နှင့် မြေကြီးတို့ ချာချာလည်နေသလို ခံစားလိုက်ရတော့သည်။
**အဲ့လို ပစ္စည်းမျိုးကို ငါ သူ့ဆီက ဝယ်မိတာလား?**
**ပြီးတော့ အဲ့ပစ္စည်းက နည်းနည်း ညစ်ပတ်နေသေးတယ်?**
ထို့အပြင် သူ ယုဖေးအတွက် ၂၀,၀၀၀ RMB နှင့်အထက် ဝယ်ပေးပြီးတာတောင်မှ သူမကို မဘုရသေးတာကို သူ သတိရလိုက်သည်။ သူ့နှာခေါင်းပေါက်ကနေ ပါးစပ်ထောင့်အထိ သွေးများ ယိုစီးကျလာသည်။
**သေစမ်း...ဒီမိန်းမ ငါ့ကို အရူးလုပ်နေတာပဲ**
ယဲ့ဖန် အသေးစိတ် ရှင်းလင်းပြောဆိုတာကို ကြားပြီး ကျုံးချမ်း အော်ငိုမိမတတ် ဖြစ်သွားရသည်။
နောက်ထပ် သွေးမျက်ရည်ကျမတတ် ဖြစ်နေသည့်သူကတော့ ယုဖေးပင်။
"ယဲ့ဖန်...ခွေးသူတောင်းစား...အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့"
ယုဖေး ဒေါသူပုန်ထလျက် ဒီငကြောက်ကောင်ပဲ အခုလို စိတ်ကြီးဝင်ကာ အထက်စီးဆန်စွာ ပြုမူပြောဆိုတတ်လိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။
ထိုသည်သာ မကသေး ဤခွေးကောင်က သူမအား ပြည့်တန်ဆာနှင့် နှိုင်းကာ ဈေးသက်သာသည်ဟု ဆိုခဲ့သေးသည်။
တစ်ကြိမ်ကို ၆၈ ယွမ် ဆိုသည့် စကားကို ပြန်ကြားယောင်မိတိုင်း ယုဖေး မကျေမနပ်ဖြစ်ကာ အံကို ကြိတ်၍ သူမ မျက်လုံးများက မီးဝင်းဝင်းတောက်နေသည်။
သို့သော်လည်း သူမ၏ မုန်းတီးသည့်အကြည့်ကို ကြည့်ရင်း ယဲ့ဖန် ပခုံးတွန့်ကာ လေးလံစွာ သက်ပြင်းချလိုက်ပြီး
"ယုဖေး နင် ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူးဟ..ငါတို့နှစ်ယောက် အရင်တုန်းက အမှတ်တရကောင်းတွေကို ငါ အမြဲမှတ်ထားမှာပါ..တစ်ကြိမ် ပြီးတိုင်း ငါ မင်းကို ၁ ဘီလီယံထက် ပိုပြီး ပေးချင်ခဲ့သေးတာ...၂၆၄ ကြိမ်ဆိုတော့ နင် ကမ္ဘာပေါ်မှာ အချမ်းသာဆုံး မိန်းကလေးတောင် ဖြစ်နေလောက်ပြီ" ယဲ့ဖန် နှုတ်ခမ်းကို လျှာဖြင့်သပ်၍ ပြောလိုက်သည်။
ESTÁS LEYENDO
ငရဲမှလာသောသူ [Chapter 1 to 200]
Acción#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...