Chapter 46

3.1K 343 4
                                    

#unicode

စာစဥ် (၄) Chapter (46) နတ်ဆိုးနည်းပြ!

*၂၁,၃၆၀RMB!*

ယဲ့ဖန်တောင်းသည့် ပိုက်ဆံက သူတို့မှာ ရှိသည့် ပိုက်ဆံနှင့် ကွက်တိဖြစ်နေသည်ကို တွေ့လိုက်ရသည့်အတွက် ကုန်းဝမ် မှင်တက်သွားရသည်။

ယဲ့ဖန်က သူ ပိုက်ဆံ မတောင်းခင် သူ့မှာ ပိုက်ဆံ ဘယ်လောက်ပါလာသလဲဆိုတာ ကြိုသိနေသည်ဟု ကုန်းဝမ် ထင်လိုက်မိသည်။

*မဟုတ်ဘူး… လုံးဝ မဖြစ်နိုင်ဘူး*

ကုန်းဝမ်က ခေါင်းကိုခါကာ ထိုအတွေးကို မေ့ပစ်လိုက်သည်။ ထို့နောက် သူက ပိုက်ဆံကို စားပွဲပေါ် ပစ်တင်လိုက်သည်။

ဖြောင်း!

"ဟေ့ကောင်…မင်း ပိုက်ဆံကို ယူပြီး ဒီနေရာက ထွက်သွားလိုက်တော့"

ကုန်းဝမ် ယဲ့ဖန်ကို ဒီ့ထက်ပို၍ ထပ်မမြင်ချင်တော့။ သူ ပြောလိုက်ပြီးနောက် ယဲ့ဖန်က ပိုက်ဆံကို ဘောင်းဘီအိတ်ထဲ ကောက်ထည့်ကာ ပြုံးလိုက်ပြီး မတ်တပ်ထရပ်ကာ လက်ကို ဆန့်၍ "အချစ်ရေ… သွားကြစို့" ဟု ပြောလိုက်သည်။

ပိုင်ယီ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီးမှ ယဲ့ဖန် ပြောလိုက်သည့်စကားကို အထာပေါက်သွားသည်။ ချက်ချင်း ပြုံးလိုက်ပြီး သူမလက်ကို ဆန့်ပေးလိုက်သည်။ သူမလက်ကို ကိုင်၍ ထူပေးရန် ပြောလိုက်သည့် သဘောပင်။

*အမ်?*

ကုန်းဝမ် သူ မြင်နေရသည့်မြင်ကွင်းကြောင့် ကြောင်သွားမိသည်။ ထို့နောက် သူ ချက်ချင်း အခြေအနေကို သဘောပေါက်ကာ ဒေါသထွက်သွားသည်။

"ဟေ့ကောင်… ငါ မင်းတစ်ယောက်တည်း ထွက်သွားဖို့ ပြောတာလေ… ပိုင်ယီနဲ့ အတူတူ ထွက်သွားဖို့ ပြောတာမဟုတ်ဘူး။ မင်းက ငါ့ကို လူနုံလို သဘောထားတာလား?"

"လူနုံ?"

ယဲ့ဖန် ကြောင်သွားပြီးမှ လက်ကို ခါကာ တောင်းပန်လိုသည့်မျက်နှာထားနှင့် ပြောလိုက်သည်။ "မဟုတ်ဘူး…မဟုတ်ဘူး..မဟုတ်ပါဘူး…မင်း ငါ့ကို အထင်လွဲနေပြီ။ ငါ မင်းကို ငနုံငအလို သဘောထားတာ မဟုတ်ပါဘူး။ ငါက မင်းကို အရူးလို့ ထင်နေတာ"

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now