Chapter 191

1.9K 181 3
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (13) Chapter (191) နတ်ဆိုး

လူငယ်၏ လျှာကို ယဲ့ဖန် ဆုတ်ဖြဲလိုက်ပြီးနောက် သူသည် ပါးစပ်အပြည့် သွေးများ အန်လေတော့သည်။

ထို့နောက် သူသည် နာကျင်မှုကြောင့် တုန်ယင်ကာ မျက်နှာတွင် ကြောက်စိတ်များ ဖုံးလွှမ်းလို့ နေသည်။

ယဲ့ဖန်က သူ့ကို တိုက်ခိုက်ရဲမည်ဟု သူ မထင်ထားခဲ့သလို သူကိုယ်၌ကလည်း ခုခံနိုင်စွမ်း မရှိဘဲ ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပါ။

"ယဲ့ …. ယဲ့ဖန် … မင်း ငါ့ကို အနာတရ ဖြစ်အောင် လုပ်ရဲလုပ်ကြည့်လိုက်။ ငါက အမှောင်ဂိုဏ်း အဖွဲ့ဝင်နော်။ အမှောင်ဂိုဏ်းက ဟွာရှ တစ်နိုင်ငံလုံးကို ကိုယ်စားပြုတယ်၊ မင်း ငါ့ကို အနာတရ ဖြစ်အောင် လုပ်ရင် မင်းက ဟွာရှ တစ်နိုင်ငံလုံးရဲ့ ဘုံရန်သူ ဖြစ်လာတော့မှာ"

ရင်းလုံ သွေးအန်နေရင်း မရေမရာ ပြောလာသည်။

"မင်း ကျန်းနန်မြို့မှာ လုပ်ခဲ့သမျှတွေကို ဟွာရှ တစ်နိုင်ငံလုံး သိတာ ကြာပြီဆိုတာကိုရော မင်း သိရဲ့လား။ သူတို့ မင်းကို ဘာမှမလုပ်သေးတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က မင်းရဲ့ အရည်အချင်းကို သူတို့ တန်ဖိုးထားလို့ ပြီးတော့ မင်းကို အမှောင်ဂိုဏ်းထဲ ဝင်စေချင်လို့ပဲ။ အခု မင်းက ငါ့ကို အနာတရ ဖြစ်အောင် လုပ်လိုက်ပြီဆိုတော့ အမှောင်ဂိုဏ်းရဲ့ အဆုံးမရှိတဲ့ လက်စားချေခြင်းကို စောင့်မျှော်နေလိုက်တော့"

ရင်းလုံ၏ မျက်လုံးထဲတွင် မလိုမုန်းထားသော စိတ်များနှင့် ပြည့်နှက်နေပြီး စောဒက တက်လာသည်။

သို့သော်လည်း သူ့စကားကို ကြားပြီးနောက် ခပ်ဖွဖွ လှောင်ရယ်ပြီး ပြန်ပြောလိုက်သည်။

"ငါက အမှောင်ဂိုဏ်းထက် မင်းကို ပိုပြီး စိတ်ဝင်စားတယ်"

ထို့နောက် ယဲ့ဖန်က ပို၍ ကြောက်မက်ဖွယ်ပြီး ရက်စက်သော အပြုံးဖြင့် ထပ်ပြောလိုက်သည်။

"မင်းက ငါ့ညီအစ်ကိုတွေကို ပုရွက်ဆိတ်တွေလို့ ခေါ်ခဲ့တယ်၊ မင်းရဲ့ ဆရာသခင်အဆင့် မူလ သလင်းကျောက်ကို ဆုံးရှုံးပြီးရင် မင်းလည်း ပုရွတ်ဆိတ် ဖြစ်လာမလား ငါ သိချင်မိတယ်"

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now