Chapter 91

2.6K 264 1
                                    

စာစဥ် (7) Chapter (91) သူက ယဲ့ကလန်သားတစ်ယောက်ပဲ!"

ကျန်းရှီမြို့ရှိ ယဲ့ကလန်အတွင်း၌

ယနေ့ ယဲ့ကလန်သည် အကြီးဆုံး သခင်လေး အိမ်ပြန်လာသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြင့် မီးအိမ်များ၊ ပန်းများဖြင့် ယဲ့အိမ်တော်ကို အလှဆင်နေကြသည်။

ယဲ့လုံသည် ယဲ့ယွင်ရှန်၏ အကြီးဆုံးသား ဖြစ်ပြီး ယဲ့ဟူ၏ အစ်ကိုလည်း ဖြစ်သည်။ သူ့ကို ယဲ့ကလန်၏ ဆက်ဆံသူအဖြစ် ယဲ့ကလန်၏ တတိယမျိုးဆက်များက လက်ခံထားကြသည်။ သူသည် ကျန်းရှီမြို့၏ ထိပ်တန်းသခင်လေး လေးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး သခင်လေး စိမ်းပြာနဂါးဟု ခေါ်ကြသည်။

ယခင်တုန်းက ယဲ့လုံသည် တရုတ်ပြည်မြောက်ပိုင်း၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခဲ့ကာ စစ်ခုန်ကလန်က သခင်မလေးနှင့် မေတ္တာမျှခဲ့သည်။ ထို့ကြောင့် သူသည် စစ်ခုန်ကလန်၏ သခင်မလေး စစ်ခုန်ကျင့်နှင့် လက်ထပ်တော့မည် ဖြစ်သည်။

ယနေ့ ယဲ့လုံသည် ဘိုးဘေးများ ကျော်ကြားလာအောင် လုပ်နိုင်မည်ဖြစ်သည့်အတွက် အိမ်သို့ ဂုဏ်ယူဝင့်ကြွားစွာ ပြန်လာခဲ့သည်။

ယဲ့ကလန်မှ အကြီးအကဲများအားလုံး ယဲ့အိမ်တော်၏ ခန်းမ၌ ထိုင်နေကြသည်။

ချောမောခံ့ညားပြီး ဘဝင်မြင့်နေသော မျက်နှာထားနှင့် ယဲ့လုံက သူ၏ အဘိုးဖြစ်သူ ယဲ့ဖန့်ချန်အား အထက်စီးဆန်စွာ ပြောလိုက်သည်။

"အဘိုး စစ်ခုန်ကလန်က တရုတ်ပြည်မြောက်ပိုင်းမှာ ပြိုင်ဘက်ကင်းပဲ၊ သူတို့က တကယ့်ကို အင်အားကြီးတာ။ အခု စစ်ခုန်ကလန်ခေါင်းဆောင်က ကျင့်ကျင့်နဲ့ ကျွန်တော်ရဲ့ လက်ထပ်ပွဲအတွက် ဆွေးနွေးဖို့ အိမ်ကို လာလည်တာပါ"

ယဲ့ကလန်ကို အုပ်ချုပ်ခြင်းထက် စစ်ခုန်ထို့၏ သားမက်ဖြစ်ခြင်းက ပို၍ ဂုဏ်ယူဖွယ် ဖြစ်သည်ဟု ယဲ့လုံက ယူဆထားသည်။

ယဲ့ကလန်သားများအားလုံးက သူ့ကို အလွန်လေးစား အားကျသည့်ဟန်ဖြင့် ဝိုင်းကြည့်နေကြသည်။

ယဲ့လုံသည် ယဲ့ကလန်၏ ဂုဏ်ဆောင် ဖြစ်သည်။ ယဲ့ဖန့်ချန်တောင်မှ သူ့စကားကြောင့် စိတ်လှုပ်ရှားလာကာ အသည်းအသန် မတ်တပ်ထရပ်ကာ စစ်ခုန်ကလန် ခေါင်းဆောင်ကို လက်နှစ်ဘက်ကို ဆုပ်၍ "ခင်ဗျား ရောက်လာပေးတဲ့အတွက် ကျုပ်တို့ ဂုဏ်ယူမိပါတယ်" ဟု နှုတ်ဆက်လိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Où les histoires vivent. Découvrez maintenant