Chapter 146

2.2K 189 0
                                    

စာစဉ် (10) Chapter (146) ဝင်္ကပါတိုက်ကွက်ရဲ့နာမည်က သွေးစွန်းသတ်ကွင်းလို့ ခေါ်တယ်!

*သူ လာနေပြီ*

အသွင်မဲ့ အဘိုးကြီး၏ စကားအဆုံးတွင် အဓိကကလန်ကြီး လေးခုလုံး၏ အင်အားကြီးသူများက အပြင်သို့ လှမ်းကြည့်လိုက်ကြသည်။

ကျယ်လောင်သော ခြေသံများနှင့်အတူ အဓိကကလန်ကြီးလေးခုလုံး၏ အင်အားကြီးသူများက မဖိတ်ခေါ်ထားသည့် ဧည့်သည်ကို ဧည့်ခံရန် အပြင်သို့ ထွက်လာကြသည်။

အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ယောက်က ထူအိမ်တော်ဆီသို့ အေးအေးလူလူဖြင့် လမ်းလျှောက်လာသည်။ သူ့နောက်တွင် အနက်ရောင်ဝတ်စုံနှင့် လူများ လိုက်ပါလာကြသည်။

အားလုံးက အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးများကို ဝတ်ဆင်ထားကြပြီး စုစုပေါင်း လူလေးဆယ်ခန့် ပါသည်။

သူတို့တစ်ကိုယ်လုံးတွင် လှစ်ဟထားသည့်နေရာဟူ၍ မျက်လုံးနေရာသာ ရှိသည်။ ထိုမျက်လုံးများကလည်း အသည်းအေးမတတ် အေးစိမ့်လှ၏။

ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များနှင့်အတူ သူတို့အားလုံးသည် ငရဲမှ နိုးထလာသော နတ်ဆိုးစစ်တပ်ကြီးနှင့် ဆင်တူလှပေသည်။

"ညအဖွဲ့"

သူတို့၏ ဝတ်စုံများကို မြင်သည်နှင့် အဓိကကလန်ကြီး လေးခုလုံး၏ အင်အားကြီးသူများရဲ့ မျက်နှာက အလွန်သုန်မှုန်လာသည်။ ထူးဆန်းသော အဖွဲ့အစည်းနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူတို့ မမျှော်မှန်းထားမိပါ။

"သွားသေလိုက်တော့"

ထိုစဉ် ခြံဝန်းအတွင်းရှိ ကြယ်တစ်လုံး အဆင့် စွမ်းအားပိုင်ရှင် တစ်ယောက်က ရှေ့သို့ ပြေးတက် သွားသည်။

ယဲ့ဖန် ဖြတ်သွားသည်ကို မြင်သည်နှင့် သူက ဒေါသတကြီးနှင့် ယဲ့ဖန်၏ လည်ပင်းကို ဓားနှင့် ပိုင်းလိုက်သည်။

"သေပေတော့"

လေတိုးသံနှင့်အတူ သူက လှစ်ခနဲ လှုပ်ရှားလိုက်သည်။ သို့သော် ယဲ့ဖန်က သူ၏ အလစ်ဝင်တိုက်ခိုက်မှုကို လျစ်လျူရှုကာ ဆက်၍ ရှေ့ဆက်လျှောက်လာသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Où les histoires vivent. Découvrez maintenant