Chapter 4

5.5K 614 1
                                    

အပိုင်း (၄) ဒီလူကို ဘယ်တော့မှ မစော်ကားသင့်ဘူး

ငါးမြှားချိတ်? အဝတ်အစား?

ယဲ့ဖန်အပြောကြောင့် အဘိုးအို၊ ပိုင်ယီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးတို့ ကြက်သေသေသွားသည်။ အချိန်အနည်းငယ် ကြာသွားပြီးနောက်မှသာ ငါးမြှားချိတ်က ယဲ့ဖန်၏ အကျႌတွင် ချိတ်လျက်ရှိနေပြီး အပေါက်ရာတစ်ခုတောင် ဖြစ်နေသေးသည်။

........

အံ့သြဖွယ်ကောင်းလှသော ခွန်အားနှင့် သူစိမ်းတစ်ယောက်သည် လမ်းဘေးဆိုင်တိုင်းတွင် ဝယ်ယူနိုင်သော သူ့အဝတ်အစားကို ဂရုစိုက်နေမည်ဟု သုံးယောက်လုံး မထင်ထားခဲ့ပေ။

"သူ...သူက ရန်သူမဟုတ်ဘူးလား"

အဘိုးအိုက အနည်းငယ် မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်မိသည်။ ထို့နောက် သူက လက်ကို ဆုပ်၍ ယဲ့ဖန်ကို ပြုံးပြလိုက်သည်။

"သူငယ်ချင်းလေး...ခုနက ကိစ္စအတွက် ငါ စိတ်မကောင်းပါဘူး...ကျုပ်ရဲ့ ငါးမြှားချိတ်ကြောင့် မင်းအင်္ကျီပြဲသွားတာဆိုတော့ ငါ ပြန်လျော်ပေးပါ့မယ်"

အဘိုးအိုက တောင်းပန်စကားပြောလိုက်ပြီးပြီးချင်းမှာပဲ သူ၏ black card ကို ထုတ်လိုက်ပြီး ယဲ့ဖန်ကို ပေးလိုက်သည်။ ထို့နောက် သူက

"သူငယ်ချင်းလေး...ငါ့ရဲ့တောင်းပန်မှုကို လက်ခံတဲ့အနေနဲ့ ဒီကဒ်ကလေးကို လက်ခံပေးပါလား"

ထိုသို့ပြောပြီး အဘိုးအိုက ယဲ့ဖန်ကို ကြည့်နေသည်။ ယဲ့ဖန် ကဒ်ကို လက်ခံလိုက်မှသာ သူ စိတ်သက်သာရာရသွားသည်။

ဒီလူစိမ်းက ရန်သူမဟုတ်မှန်း သူ သိသည်။

သို့သော် ဒီလူငယ်လေးက သတ်လတ်ပိုင်းအရွယ် လူကြီးကို လက်သီးတစ်ချက်ထဲနှင့် လွင့်ထွက်သွားအောင် လုပ်ခဲ့သည်ကို ပြန်သတိရလိုက်မိပြီးနောက် အဘိုးအို ရင်တစ်ချက်တုန်သွားကာ ပြုံး၍မေးလိုက်သည်။

"သူငယ်ချင်းလေး...မင်းရဲ့နာမည်ကို ငါ သိလို့ရမလား...မင်း ငါနဲ့ မိတ်ဆွေဖြစ်ချင်လား"

အဘိုးအိုက ယဲ့ဖန်ကို အခွင့်ထူးတစ်ခု ပေးလိုက်သောကြောင့် ပိုင်ယီကော သတ်လတ်ပိုင်းအရွယ် လူကြီးပါ တော်တော်လေး အံ့အားသင့်သွားသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Tempat cerita menjadi hidup. Temukan sekarang