Chapter 172

2K 176 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (12) Chapter (172) မိုးကောင်းကင်သို့ တက်ရာလမ်း၏ တကယ့်ခွန်အားအစစ်

*အဆင့်အမြန်တိုး ဆေးလုံး*

ယခင်တုန်းက ယဲ့ဖန်သည် အဆင့်အမြန်တိုး ဆေးလုံးများ ဖော်စပ်ရန် ပါဝင်ပစ္စည်းများကို လိုက်လံ စုဆောင်းခဲ့သည်။

ကျန်းရှီမြို့‌ လေလံပွဲမှာတုန်းက မော့ထောင်ထံမှ အနက်ရောင်နွယ်မြက်ပင်ကို ရခဲ့ပြီးကတည်းက သူ လိုအပ်တာမှန်သမျှ စုဆောင်းပြီးခဲ့ပြီး ဖြစ်သည်။

သန့်စင်သော ယန်ဆေးလုံးကို ဖော်စပ်စဉ်ကတည်းက တစ်ဘက်မှာလည်း အဆင့်အမြန်တိုး ဆေးလုံးကို သူ ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။

အရှင်သခင် သုံးယောက်၏ ပါးစပ်ထဲ ဆေးဝင်သွားသည်နှင့် အဆင့်အမြန်တိုး ဆေးလုံးက အရည်အဖြစ်သို့ ကူးပြောင်းသွားသည်။

ထိုစဉ် ပူပြင်းသော စီးကြောင်းတစ်ခုက သူတို့၏ ဝမ်းဗိုက် အောက်ပိုင်းသို့ ဝင်ရောက် လာသလို သူတို့ ခံစားလိုက်ရသည်။

ချက်ချင်းဆိုသလိုပင် သူတို့၏ ဝမ်းဗိုက်အောက်ပိုင်း၌ တရှဲရှဲ မြည်သလို ဖြစ်လာပြီး သွေးများက တဟုန်ထိုး ထိုးတက်လာကာ အရှိန်နှင့် စီးဆင်းနေတော့သည်။

ထို့ပြင် ပြင်းထန်သော ချီစွမ်းအင်များက သူတို့၏ အသွေးအသားထဲနှင့် မရီဒန်ထဲသို့ စီးဝင်လာသည်။

သူတို့၏ အရွတ်နှင့် ကြွက်သားများ အားကောင်းလာသည်။ သူတို့၏ ကျိုးသွားသော လက်မောင်းများပင် ပြန်ကောင်းလာပြီး တဂျွတ်ဂျွတ်မြည်ကာ အရိုးများ ပြန်ဆက် သွားသည်။

….

ဤမြင်ကွင်းကို ကြည့်ရင်း အိမ်တော်တွင်းရှိ လူတိုင်း မှင်တက်သွားကြသည်။

"ဆေးရည်ပါလား"

လူသန်ကြီး မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားသည်။ ဆရာသခင် အထွတ်အထိပ် အဆင့်မှ သူများသာ သူတို့၏ ချီစွမ်းအင်အား ဆေးလုံးထဲ ရောနှော၍ ဆေးလုံးကို ဆေးရည်အသွင်သို့ ပြောင်းလဲနိုင်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Donde viven las historias. Descúbrelo ahora