#unicode
ငရဲမှလာသောသူ
စာစဥ် (၁) အပိုင်း (၁၂) သူက လူမဟုတ်ဘူး"လူဆိုးကောင်!"
ရုံးခန်းအတွင်းတွင် ဖန့်ယင်း ရှက်သွေးဖြာကာ ဒေါသလည်း ထွက်နေ၏။
ကျောင်း၏ နတ်ဘုရားမလေး အဖြစ် သတ်မှတ်ခြင်း ခံထားရသော်လည်း ဖန့်ယင်းသည် မည်သူနှင့်မှ ချစ်ရေးချစ်ရာ ကိစ္စ ပတ်သက်မှုမရှိပေ။ သူမ မည်သည့် သူစိမ်းယောကျ်ားနှင့်မှ ထိတွေ့မှု မရှိခဲ့ပေ။
သူမကို ရုပ်ပိုင်းဆိုင်ရာ ထိတွေ့လည့်သူက သူမ၏ ကျောင်းသား ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့သည့်အပြင် သူမတင်ပါးအား လူမြင်ကွင်း၌ ရိုက်လိုက်လိမ့်မည်ဟုလည်း ထင်မထားခဲ့ပေ။
တင်ပါးမှ စူးခနဲ နာကျင်သွားရပြီး ဖန့်ယင်း၏ မျက်နှာလှလှလေးသည် ပို၍ နီရဲလာကာ မြေကြီးထဲ ပြေးဝင်ပုန်းချင်စိတ် ဖြစ်လာရသည်။
"ဒါပေမယ့် သူ ဘယ်လိုလုပ်ပြီး ငါ့သွေးအမျိုးအစားကို သိနေတာလဲ?"
ဖန့်ယင်း မျက်မှောင်ကြုတ်မိသွားသည်။ သူမှ သွေးအမျိုးအစားကို လူ အနည်းငယ်သာ သိပြီး သူမ မည်သူ့ကိုမျှ ထုတ်မပြောဖူးခဲ့ပင်မယ့် ယဲ့ဖန်က လူကြားထဲ ထုတ်ပြောလိုက်သည်။
"ပြီးတော့ အဲ့ကောင်က ၁၁နာရီ ၅မိနစ်ဆို ငါ ဓမ္မတာ လာမယ်ဆိုပဲ အဓိပ္ပာယ်မရှိလိုက်တာ"
ဖန့်ယင်း လှောင်ပြုံး ပြုံးမိသွားသည်။
သူမ၏ ဓမ္မတာသည် လစဥ် မှန်ကန်သည်။ ဒီလက နောက်သုံးရက်နေမှ လာမှာ ဖြစ်သည်။
"ယဲ့ဖန် ငါ့ရဲ့ ဓမ္မတာကိစ္စကို အတိအကျ ပြောနေတာ မဖြစ်နိုင်ဘူး"
ဖန့်ယင်း သူပြောတာကို မယုံပေ။ သူမမျက်လုံးထဲတွင် သူသည် ရမ်းသမ်း၍ လျှောက်ပြောနေသည်ဟု မြင်မိသည်။
"ဟွန့်... ကောင်စုတ် တွေ့ကြသေးတာပေါ့..."
ဖန့်ယင်း ဒေါသတကြီး အံကြိတ်လိုက်မိသည်။ ထိုအချိန်တွင် သူမကိုယ်လေး တုန်ယင်သွားသည်။ သူမ ဆတ်ခနဲ ဖြစ်သွားကာ မျက်နှာ နီရဲလာသည်။
"လာ...လာနေတာလား...ဟင်.."
သူမ မျက်လုံး အပြူးသားနှင့် သူမ ဓမ္မတာလာတာကို မယုံနိုင်ဖြစ်နေသည်။
ESTÁS LEYENDO
ငရဲမှလာသောသူ [Chapter 1 to 200]
Acción#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...