ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123စာစဉ် (၁၃) Chapter (195) ငါ ပေါ်မလာဘူးဆိုရင် ငါ မင်းကို ဘယ်လိုလုပ် သတ်လို့ရမှာလဲ
"ယဲ့ဖန်"
သူ့မျက်နှာကို မြင်လိုက်သည်နှင့် ဖုန်းကျစ်ချိုက်နှင့် အခြားသူများ ထိတ်လန့်ကာ မျက်နှာပျက်သွားကြသည်။
သူတို့ ဗီဒီယိုကို ကြည့်ပြီးသွားပြီ ဖြစ်သောကြောင့် သူတို့ သူ့မျက်နှာကို မှတ်မိပါသည်။
သို့သော် သူတို့သည် ကြမ်းပြင်ပေါ် ကျလာသော ပြာပုံများကို ကြည့်ပြီး နေရာမှာ ရပ်မြဲတိုင်း ရပ်နေကြသည်။
"ငါ…. ငါပဲ မျက်စိပြာနေတာလား"
ဖုန်းကျစ်ချိုက် အပါအဝင် ဖုန်းကလန်မှ မည်သူမဆို ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေကြသည်။
"သူ့ရဲ့ အဖြူနဲ့အနက် ချီဓာတ်က လူတွေကို ပြာဖြစ်သွားအောင် ဘယ်လိုလုပ် လုပ်နိုင်သွားတာလဲ။ အဲ့ဒါ ဘာကြီးလဲဟ"
"ယဲ့ဖန် မင်း တကယ် လာရဲတာပဲ"
ဖုန်းကျစ်ချိုက်က မျက်ခွံ တဆတ်ဆတ် လှုပ်နေသလို ခံစားရရင်း ယဲ့ဖန်အား အလွန် မုန်းတီး ရန်လိုသည့် အကြည့်များဖြင့် ကြည့်နေလိုက်သည်။
ဖုန်းကလန်မှာ အခြားသူများကလည်း သူတို့လက်နက်ကို ချက်ချင်း ဆွဲထုတ်ပြီး ယဲ့ဖန်အား ဝိုင်းထားလိုက်သည်။
သူတို့၏ ပြုမူ လှုပ်ရှားပုံကို ကြည့်ရင်း ယဲ့ဖန်က မိစ္ဆာဆန်ဆန် အပြုံးနှင့် ပြန်ပြောလိုက်သည်။
"ငါ ပေါ်မလာဘူးဆိုရင် မင်းကို ငါ ဘယ်လိုသတ်လို့ရမှာလဲ"
*မောက်မာတယ်*
ယဲ့ဖန်က ဖုန်းကျစ်ချိုက်နှင့် ဖုန်းကလန်မှ အခြားသူများကို အလွန်အထင်သေးသည်။
"ကောင်းတယ် … တယ် မောက်မာတဲ့ ခွေးမသားလေးပါလား … ငါ့အစ်ကိုရဲ့ သေဆုံးမှုအတွက် လက်စားချေတဲ့ အနေနဲ့ မင်းကို ငါ နုတ်နုတ်စင်းပစ်မယ်"
ဖုန်းကျစ်ချိုက်က ပြောရင်း လက်တစ်ဘက် မြှောက်ကာ အမိန့်ပေးလိုက်သည်။
YOU ARE READING
ငရဲမှလာသောသူ [Chapter 1 to 200]
Action#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...