စာစဉ် (10) Chapter (149) နတ်ဘုရားတစ်ပါး!
"အား…အား…အား…"
"ခွေးမသားလေး… မင်း ငါ့လက်ကို ဖြတ်ရဲတယ်ပေါ့လေ၊ ငါမင်းကို တစ်စစီ ဖြစ်အောင် လုပ်ပစ်မယ်ကွ"
ကောင်းကင်ကံကြမ္မာ အဘိုးကြီး ပေါက်ကွဲလို့ နေသည်။ ကျန်းနန်မြို့နှင့် ကျန်းပေမြို့တို့တွင် ပြိုင်ဘက်ကင်း ဖြစ်ခဲ့ပြီးနောက် သူ တစ်ခါမှ ဒဏ်ရာ အပြင်းအထန်မရဘူးပါ၊ အထူးသဖြင့် ထိပ်တန်းအဆင့် စွမ်းအားပိုင်ရှင်ကြောင့် ဒဏ်ရာ မရဘူးပါ။ ဤမျှ ရှက်ဖွယ်ကောင်းသော အရာကြောင့် သူ သေမတတ် ဒေါသထွက် နေလေသည်။
မြေဝိညာဉ် အဘိုးကြီးနှင့် အသွင်မဲ့ အဘိုးကြီးတို့သည်လည်း ဒေါသပုန်ထလာကြသည်။
"သွားသေလိုက်တော့၊ သေလိုက်တော့၊ သေပေတော့"
သုံးယောက်သား ယဲ့ဖန်အား လျင်မြန်စွာ ဝိုင်း၍ တိုက်ခိုက်ကြလေသည်။
သူတို့၏ သန်မာသော တိုက်ပွဲဝင်ချီဓာတ်များကို ထုတ်လွှင့်လိုက်သည်နှင့် အနီးအနားရှိ သစ်ပင်၊ မြေကြီးနှင့် ကျောက်တုံးများသည်လည်း အရပ်မျက်နှာအနှံ့သို့ လွင့်ပျံ့ ထွက်ကုန်ကြသည်။
ယဲ့ဖန်တောင်မှ သူတို့၏ ခွန်အားကို သတိပြုမိပြီး နတ်ဆိုးသုံးကောင်၏ ဝေးရာသို့ ရှောင်ရားနေရသည်။
ထို့နောက် သူက မြေကြီးကို ဆောင့်နင်းကာ မထီမဲ့မြင်အကြည့်မျိုးနှင့်
"ကျုပ်ကို တစ်စစီ ဖြစ်အောင် လုပ်ချင်တာလား? ခင်ဗျားတို့ရဲ့ ဆန္ဒတွေကို ပြည့်မီအောင် လုပ်ပေးရမှာပေါ့"
ထိုသို့ပြောပြီး ယဲ့ဖန်သည် တစ္ဆေတစ်ကောင်ကဲ့သို့ ပျောက်ကွယ်သွားလေတော့သည်။
သူ ပြန်ပေါ်လာသည့်အချိန်တွင် သူသည် နတ်ဆိုးသုံးကောင်၏ ရှေ့သို့ ရောက်နေချေပြီ။ ထို့နောက် သူ၏ ဓားရောင်က လော့ကလန်မှ နတ်ဆိုးသုံးကောင်ပေါ်သို့ နှင်းပွင့်ကဲ့သို့ ဖုံးလွှမ်းသွားလေတော့သည်။
"အရိုးဖျက်ဆီးဝါးမျိုခြင်းဓားချက်"
ယဲ့ဖန်၏ ခက်ထန်သော အသံက ပဲ့တင်ထပ်သွားပြီးနောက် ထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက် ဖြစ်လို့လာသည်။ ဓားရောင်အောက်တွင် လော့ကလန်မှ နတ်ဆိုး သုံးကောင်၏ အသားစများက နေရာအနှံ့သို့ လွင့်စင်သွားသည်။
ESTÁS LEYENDO
ငရဲမှလာသောသူ [Chapter 1 to 200]
Acción#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...