စာစဉ် (6) Chapter (82) မင်း သေချင်နေတာလား?
နောက်တစ်နေ့မနက်တွင် ကျန်းရှီမြို့၏ ထိပ်တန်းသခင်လေး လေးယောက်ထဲမှ တစ်ယောက်ဖြစ်သူ မိစ္ဆာသခင်လေး ကုန်းယွင်ဖေးတစ်ယောက် အသတ်ခံလိုက်ရသည့်သတင်းက တောမီးပမာ ပျံ့နှံ့သွားလေသည်။
ဤသတင်းကား ဟာရီကိန်းမုန်တိုင်းကဲ့သို့ မြို့၏ ချောင်ကြိုချောင်ကြား မကျန် ရောက်ရှိသွားပြီး လူတိုင်းကို အံ့အားသင့်သွားစေသည်။
ကုန်းယွင်ဖေးကို တစ်စုံတစ်ယောက်က သတ်ရဲလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပါ။ ချက်ချင်းဆိုသလိုပင် လူသတ်သမားက မည်သူလဲဆိုတာ မြို့၏ ကလန်တိုင်း၊ လူတိုင်း၏ကြား၌ ရေပန်းအစားဆုံး သတင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။
…
ကုန်းယွင်ဖေးကို သတ်လိုက်သည့်သူက ဆေးရုံ၌ ရှိနေမည်ဟုလည်း မည်သူမျှ မထင်ထားခဲ့ကြပေ။
ဆေးရုံအခန်းတစ်ခန်း၏ ခုံ၌ ယဲ့ဖန် တိတ်ဆိတ်စွာ ထိုင်စောင့်နေသည်။
*လင်းလန် နောက်တစ်နာရီအတွင်း သတိရလာသင့်ပြီ*
ယဲ့ဖန်က လင်းလန်အား နတ်ဆိုးပြန်လည်ရှင်သန်ဆေးလုံး တိုက်ထားပြီးသော်လည်း ကုန်းယွင်ဖေး၏ ရွှေအိုရောင်ဓားမြှောင်ထိပ်မှ အဆိပ်ကြောင့် လင်းလန်က သတိလစ်နေဆဲ ဖြစ်သည်။
ထိုစဉ် စင်္ကြံလမ်းမှ ရင်းနှီးနေသော မိန်းမလှလေးတစ်ယောက်ကို ယဲ့ဖန် ဖျတ်ခနဲ မြင်လိုက်မိသည်။*အန်းရှီ*
*သူမက ဘာလို့ ဒီရောက်နေတာလဲ?*
ယဲ့ဖန် မသိမသာ မျက်မှောင်ကြုတ်လိုက်မိသည်။
ယခင်တုန်းက အန်းရှီသည် ယဲ့ဖန်၏အိမ်ကို တစ်ပတ်မှာ ၂ရက်လောက် လာ၍ သန့်ရှင်းရေး လာလုပ်ပေးလေ့ရှိသည်။ အခုတလောတော့ သူမကို သူ သိပ်မမြင်မိပါ။
*သူမ ဒုက္ခရောက်နေတာများလား?*
ယဲ့ဖန် ထိုင်နေရာမှထကာ အန်းရှီဆီသို့ လိုက်သွားလိုက်သည်။ ထိုစဉ် အန်းရှီက တာဝန်ခံဆရာဝန်၏ ရုံးခန်းရှေ့၌ ရပ်လိုက်ကာ တံခါးခေါက်ပြီးနောက် အထဲဝင်သွားသည်။
VOCÊ ESTÁ LENDO
ငရဲမှလာသောသူ [Chapter 1 to 200]
Ação#unicode ဇာတ်လမ်းအကျဉ်း စကြဝဠာ၏ နတ်ဆိုးဧကရာဇ်သည် တစ်ဖန်ပြန်လည်ရှင်သန်လာ၏။...ရန်သူများက သူ့ရှေ့ ဒူးထောက်ခစားသင့်သည်။ မိန်းမချောလေးများကတော့ သူ့ရှေ့၌ လှဲလျောင်းနေသင့်၏။ "ငါက နတ်ဆိုးတစ်ကောင်ပဲ..ငါက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ကျွန်ပြုလာတာ..မင်းတို့...