Chapter 85

2.6K 276 2
                                    

စာစဉ် (6) Chapter (85) သိပ်… သိပ်လှတာပဲ!

အန်းရှီ ရုံးခန်းထဲက ထွက်သွားပြီးနောက် ချင်ရွှယ်က တစ်ခုခု ပြောချင်သလိုလိုနှင့် ချီတုံချတုံ ဖြစ်နေသည်။ တော်တော်လေးကြာမှ သူမ စကားစလိုက်သည်။

"ယဲ့ဖန်… တကယ်တော့လေ ငါ့မှာ နင့်အကူအညီတစ်ခု လိုနေတာလေး ရှိသေးတယ်"

*ဟမ်*

ယဲ့ဖန်က သူမကို စိုက်ကြည့်ကာ "ပြောလေ" ဟု ပြောလိုက်သည်။

"အာ… နင် ပျက်ဆီးသွားတဲ့ မျက်နှာကို ပြုပြင်ပေးတတ်လား?"

ယဲ့ဖန် ကြောင်သွားရသည်။ သူ့ပုံစံကို ကြည့်ပြီး ချင်ရွှယ် အသည်းအသန် ရှင်းပြလိုက်သည်။

"သည်မနက်တုန်းက တရုတ်ပြည်တောင်ပိုင်းရဲ့ အလှဆုံး ဥက္ကဋ္ဌဖြစ်တဲ့ လင်းလန် ဆေးရုံကို ရောက်လာတယ်။ သူမမျက်နှာက ဓားမြှောင်တစ်ချောင်းကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးနေတယ်။ ငါ သူမအခြေအနေကို စစ်ဆေးကြည့်တော့ သူ့ဒဏ်ရာထဲမှာ တားမြစ်ထားတဲ့ အဆိပ်တွေပါနေတာကို ငါ တွေ့လိုက်ရတယ်၊ အဲ့ဒါတွေက ဖယ်ထုတ်လို့ မရဘူးဖြစ်နေတယ်"

သူမစကားကြောင့် ယဲ့ဖန် အံ့ဩသွားသည်။ ချင်ရွှယ်က လင်းလန်အကြောင်း ပြောလိမ့်မည်ဟု သူ ထင်မထားခဲ့ပါ။
ယဲ့ဖန်က ပခုံးတွန့်၍ ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ သူ့ဒဏ်ရာတွေကို ကုပြီးပါပြီ"

*ဘာ?*

သူမ အခုလေးတင် လင်းလန်ရဲ့ အခန်းထဲက ပြန်လာတာဖြစ်ပြီး သူမမျက်နှာပေါ်မှာ ဒဏ်ရာများစွာ ရှိနေတာကို တွေ့ခဲ့ပြီး ဖြစ်သည်။ သို့ပါလျက်နှင့် ယဲ့ဖန်က သူမဒဏ်ရာတွေကို သူ ကုပေးပြီးပြီဟု ပြောနေသည်။

ထိုစဉ် ဒါရိုက်တာ၏ ရုံးခန်းကို ဖြတ်၍ တိတ်တိတ်လေးလျှောက်နေကြသော ခြေသံများကို နှစ်ယောက်လုံး ကြားပြီး အံ့ဩသွားကြသည်။

ထိုခြေသံများက လင်းလန်၏ အခန်းသို့ ဦးတည်နေမှန်း ယဲ့ဖန် သတိထားလိုက်မိသည်။ ထို့ကြောင့် သူ လင်းလန်၏ အခန်းသို့ အပြေးသွားလိုက်မိပြီး သူ့နောက်မှ ချင်ရွှယ် လိုက်ပါလာသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Nơi câu chuyện tồn tại. Hãy khám phá bây giờ