၅၀၃

3.5K 473 2
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၅၀၃)

ဟော အခုဆိုရင် ဒီလို လှပသိမ်မွေ့လွန်းသော ငယ်ရွယ်နုပျိုသော မိန်းကလေးတစ်ယောက်က အဖွဲ့အတွင်းမှာ ရောက်နေတာဖြစ်လို့ သူတို့အနေနဲ့ ဒီလိုဆန့်ကျင်ဖက် လိင်အပေါ်မှာ မင်သက်ငေးမောမိတာ အပြစ်တော့ဆိုစရာလည်း မရှိပါဘူးနော…..

အခုလို လှပတဲ့ပန်းလေးဟာ သူတို့နဲ့မသက်ဆိုင်ဘူးဆိုရင်တောင်မှ လှပမှုကို ခံစားကြည့်ရှုဖို့ကို ဘယ်သူက မကြိုက်ဘဲနေပါ့မလဲ….

ကြည့်ရတာကလည်း ကောင်းတာပါပဲလေ…..

ရှန်ယန်ရှောင်က တစ်ချက်ရယ်လိုက်ကာ ဖြေးဖြေးချင်းပြောလိုက်တာက “ခေါင်းဆောင်တူကို မတွေ့ရတာ လတော်တော်ကြာသွားပြီနော်။ပြန်ကောင်းနေပြီဆိုတော့ ဝမ်းသာပါတယ် ကျနော်လည်း စိတ်အေးရပါပြီ”

ရင်းနှီးနေသောအသံက တူလန်းအား နည်းနည်းလေး အံ့အားသင့်သွားစေခဲ့ပါသည်။ သူ့ရှေ့မှာရှိနေတဲ့ သူစိမ်းမိန်းမလှလေးအား စိုက်ကြည့်လိုက်ပြီးနောက် နည်းနည်းတွန့်ဆုတ်သွားပြီး အတန်ကြာမှ သူပြောလိုက်တာကတော့ “ဟောင်ရှောင်လား”

“အတိအကျပါပဲ”လို့ သူမက ခေါင်းညိတ်ပြလိုက်သည်။

တူလန်းရဲ့ အမူအယာက ချက်ခြင်းပြောင်းသွားပါတော့သည်။

“ဘယ်လိုလုပ်ပြီးတော့ မင်းဖြစ်နေရတာတုန်း”

လုံးဝအသွင်မတူတော့သော ရှန်ယန်ရှောင်အား တူလန်းတစ်ယောက် မျက်ကလူးဆန်ပြာနဲ့ ကြည့်နေလိုက်သည်။ ဘယ်လိုကြည့်ကြည့် ရုပ်ထွက်မလာသော ကောင်လေးအဖြစ်ကနေ အခုလိုမျိုး တိုင်းပြည်ပျက်အောင်လှပလွန်းတဲ့ ကောင်မလေးအဖြစ် ပြောင်းလဲသွားတဲ့အတွက် သူ့မျက်လုံးကိုသူ မယုံနိုင်ဖြစ်နေရပါသည်။

တစ်ပြိုင်နက်တည်းမှာပဲ လဲပြိုကျသံခြောက်သံထွက်လာပါသည်။

ဘေးကနေထိုင်ပြီး အလှတရားကို ခံစားသုံးသပ်နေကြသော ဝံပုလွေခြောက်ကောင်လုံး ထိုင်ခုံတွေပေါ်ကနေ အတူတူ ပြုတ်ကျသွားခြင်းပါ။ သူတို့ခြောက်ယောက်လုံးဟာ တူလန်းထက်တောင် အံ့အားသင့်နေကြပါတော့သည်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now