၅၃၈

2.5K 397 14
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၃၈)

ရုတ်တရက်ဆိုသလို ဆူဆူညံညံအသံတစ်ခုထွက်ပေါ်လာပြီး ရှန်ယန်ရှောင်တို့အဖွဲ့၏ ရှေ့၌ရှိလူအုပ်ရှေ့မှာ ရုတ်ရုတ်သဲသဲဖြစ်သွားပါသည်။
အင်္ကျီဗလာနှင့်ဗလတောင့်တင်းသော လူထွားကြီးတစ်ယောက်က သေးငယ်ကြုံလှီသော မိန်းကလေးတစ်ယောက်အား ဆွဲခေါ်လာပြီး လူတွေကိုတွန်းဖယ်တိုးဝှေ့ကာ လာနေခြင်းဖြစ်သည်။
သူတို့နောက်မှာတော့ ကျာပွတ်ကိုယ်စီကိုင်ဆောင်ထားကြသော လူဝကြီးငါးယောက်ခြောက်ယောက်ခန့်က ပြေးလိုက်လာနေတာကိုတွေ့ရပြန်သည်။
လမ်းသွားလမ်းလာတွေက လူသန်နှင့်မိန်းကလေးတို့အတွက် သဘာဝအတားအဆီးတစ်ခုအဖြစ် ရှိနေပြီး ကျာပွတ်ရိုက်ချက်တစ်ချက်ကြောင့် လူသန်ကြီးမြေပေါ်သို့ လွင့်ပျံကျသွားခဲ့သည်။သူဆွဲခေါ်လာသော မိန်းကလေးလည်း လွင့်ထွက်သွားပြီးနောက် ရှန်ယန်ရှောင်ခြေထောက်ရှေ့သို့ ကျဆင်းသွားခဲ့သည်။
သူတို့နောက်ကိုလိုက်လာတဲ့လူတစ်ယောက်က မြေပေါ်လဲကျနေသော လူသန်ကြီးကို ဆက်လက်ဖိနှိပ်ထားလိုက်သည်။လူဝကြီးတစ်ယောက်က လူသန်၏မျက်နှာကို ညှာတာမှုကင်းမဲ့စွာ နင်းခြေလိုက်ပြန်သည်။
“ပြေးတယ်ပေါ့ မင်းကို ဘယ်သူကပြေးခွင့်ပေးလို့လဲ မင်းသေချင်နေတာလား”လို့ လူဝကြီးက အော်ဟစ်လိုက်ရင်း လက်ထဲရှိကျာပွတ်ဖြင့် ရိုက်နှက်လိုက်လေသည်။
လူသန်ဖြစ်သူက နာကျင်မှုကိုအံကျိတ်ခံလိုက်ကာ သူ့ရှေ့မှာရှိသော မိန်းကလေးအားကြည့်ကာ “ကျူလေး ပြေးတော့”ဟု ပြောလိုက်သည်။
ကောင်မလေးက မြေပေါ်တွင် ကြောက်ရွံ့စိုးထိတ်စွာဖြင့် ထိုင်လိုက်ပြီး စုတ်ပြတ်မောပန်းနေသော လူသန်အား ကြည့်လိုက်ကာ မျက်ရည်ပေါက်ကြီးများက မျက်လုံးထဲမှ ကျဆင်းလာပါတော့သည်။
“ကျေးဇူးပြုပြီးတော့ သူ့ကိုမရိုက်ပါနဲ့တော့။ကျမ ထွက်မပြေးတော့ပါဘူး ကျမ နောက်ဆိုဘယ်တော့မှ ထွက်မပြေးတော့ပါဘူးရှင်”လို့ ကောင်မလေးက အဆက်မပြတ်ငိုကြွေးနေရင်းနဲ့ အဆိုပါလူတွေဆီကို လေးဖက်ထောက်ကာသွားလိုက်သည်။
ရုပ်ဆိုးဆိုးလူက ကလေးမ၏ဆံပင်ကိုဆွဲကိုင်ကာ မတ်တပ်ရပ်စေလိုက်ပြီးနောက် ကလေးမရဲ့မျက်နှာအား သူ့လက်ဖြင့်ကိုင်တွယ်လိုက်သည်။
“ဗိုင်းတာမ ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ယောကျ်ားတွေကို ဘယ်လိုမြှူဆွယ်ရမလဲဆိုတာကို သိနေပြီပေါ့လေ။နင်က ရက်စက်တဲ့နေရာမှာ မိုင်ကုန်နေပြီပဲ။နင်က လူတွေကိုဒီလောက်တောင် မြှူဆွယ်ချင်နေမှတော့ နင့်လိုခွေးမမျိုးက ဘယ်လောက်တန်ဖိုးမရှိသလဲဆိုတာ လူတွေသိအောင် ပြပေးလိုက်တော့မယ်”
ထိုကဲ့သို့ပြောလိုက်ပြီးနောက် အဲ့လူဟာ ကလေးမအားမြေပေါ်သို့လှဲချလိုက်ပြီး အပေါ်ကနေ၍ အုပ်မိုးကာ ကောင်မလေး၏ အဝတ်အစားတွေအား သူရူးတစ်ယောက်လိုမျိုး ဆွဲချွတ်ဆွဲဖြဲလိုက်သည်။
“မလုပ်ပါနဲ့”
ငယ်သံပါအောင်အော်လိုက်သော အသံက လူကြားထဲမှာ ဆူညံစွာထွက်ပေါ်လာပေမယ့် ဝန်းကျင်တွင်ရှိသော လူတွေကတော့ ဒီလိုကိစ္စမျိုးအား ရိုးနေပြီဖြစ်ပုံပေါ်ကာ ရယ်မောလိုက်ကြပြီး ရက်စက်သော မြင်ကွင်းအား ဆက်ကြည့်နေလိုက်ကြပါသည်။
အကျည်းတန်လှသောမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့မှာကိုတွေ့လိုက်ရတော့ ရှန်ယန်ရှောင်လည်း လက်ပိုက်ကြည့်မနေနိုင်တော့ပါဘူး။
ရုပ်ဆိုးဆိုးလူကြီး၏ကိုယ်လုံးအောက်မှာရှိနေသော ကလေးမအားကြည့်လိုက်ရင်း သူမရဲ့ အတိတ်ဘဝဇာတ်ကြောင်းအား ပြန်လည်သတိရသွားဟန်ပေါ်ပါသည်။အဖွဲ့အစည်းထဲကို သူမ ဝင်ဝင်ချင်းတုန်းက များပြားလှသော အနိုင်ကျင့်နှိပ်စက်မှုတွေကို ခါးစည်းခံခဲ့ရပါသည်။ထို့နောက်မှာတော့ တစ်စုံတစ်ယောက်က သူမအား ကယ်တင်ပေးခဲ့ပါသည်။အခုအချိန်မှာ သူမအနေဖြင့် ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ပါဘူး။
သေးကွေးသောလူရိပ်တစ်ရိပ်က လူတွေကြားမှဖြတ်ကနဲ ထွက်သွားပြီး ကောင်မလေးအပေါ်မှာရှိတဲ့ အဆိုပါဝက်စုတ်အား လွင့်ပျံသွားအောင် ညှာတာမှုမရှိစွာ ကန်ထုတ်ပစ်လိုက်ပါသည်။
လူဝကြီးလည်းမြေပေါ်သို့ပြုတ်ကျသွားသည်။ကောင်မလေးအနားမှာရောက်နေသော ရှန်ယန်ရှောင်ကို စွမ်းအားရှိလူအတော်များများက အံ့ဩစွာကြည့်လိုက်ကြသည်။
အဆိုပါ ကျော့ရှင်းသပ်ရပ်လှသောမျက်နှာလေးက အားလုံးကို အသက်ရှူမှားသွားစေလိုက်ပါသည်။
ရှန်ယန်ရှောင်ကတော့ မျက်မှောင်ကြုတ်လိုက်ပြီး မြေပေါ်တွင်တုန်တုန်ယင်ယင်ဖြစ်နေတဲ့ ကောင်မလေးအား ဆွဲထူပေးလိုက်ကာ သူမရဲ့အပေါ်ရုံအင်္ကျီအားဆွဲချွတ်ကာ ခြုံပေးလိုက်ပါသည်။
သတ်ဖြတ်မှုတွေနှင့်ဒီကျွန်ဈေးကွက်အား သူမ အောင့်အီးသည်းခံပေးနိုင်ပါသည်။သို့သော် သူမလို ဣတ္ထိယများအား ယောကျ်ားတွေက အရှက်တကွဲအကျိုးနည်းဖြစ်အောင် လုပ်တာမျိုးကိုတော့ ဘယ်လိုနည်းနဲ့မှ သည်းမခံနိုင်ပါဘူး။

ကောင်းကျိုးမပေးသော သမီးပျို Part-3Donde viven las historias. Descúbrelo ahora