ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၆၄)
ပြိုင်ပွဲစတင်ကြောင်း ခေါင်းလောင်းသံကြားတာနဲ့ စင်မြင့်၃၆၀လုံး သက်ဝင်လှုပ်ရှားပါတော့တယ်။
မှော်ဆရာနယ်မြေဖက်မှာ မှော်အလင်းတန်းတွေ တဖြတ်ဖြတ်လက်နေပြီး ကြည့်လို့ကောင်းလှပါတယ်။ စင်မြင့်ထက်က ဓားသမားတွေကလည်း ဓားတွေအား သက်တံ့တွေကဲ့သို့ ဝှေ့ယမ်းပိုင်းခုတ်နေကြပါတယ်။ လေးသမားတွေဆီမှာလည်း မြားတွေက မိုးရွာသလိုရွာကျနေပြီး သွက်လက်သောလူတွေကနေ အရိပ်တွေအဖြစ်ပြောင်းလဲသွားကြကာ အဆက်မပြတ်ရွေ့လျားနေရင်းနဲ့ အပြန်အလှန်တိုက်ခိုက်နေကြပါတယ်။
မှော်ဆရာတွေ ဓားသမားတွေနဲ့ လေးသမားတွေဖက်မှာ သွေးသံရဲရဲအဖြစ်က အချိန်မရွေးဖြစ်သွားနိုင်တဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ အဆိုပါစင်မြင့်တွေနဲ့ယှဉ်ပါက စစ်သူရဲတွေ၊နတ်ဆရာတွေနဲ့သမားတော်တွေဖက်မှာ ပိုအေးချမ်းသယောင်ရှိပါတယ်။
ပြင်းထန်သော တိုက်ပွဲပဲဖြစ်ဖြစ် လျှို့ဝှက်ဖုံးကွယ်ထားသော တိုက်ပွဲပဲဖြစ်ဖြစ် ဘာတစ်ခုကမှ စင်မြင့်တစ်ခုထက်က လူတစ်ယောက်အပေါ်မှာတော့ သက်ရောက်ခြင်းမရှိခဲ့ပါဘူး။
ကြူရှီယာက စင်မြင့်ပေါ်မှာ ပျင်းရိစွာရပ်နေသည်။ သူ့လက်ထဲမှာတော့ လှပစွာတန်ဆာဆင်ထားသော မှော်တုတ်တံတစ်ခုကိုင်ထားပြီး တွဲလောင်းချထားပါတယ်။ သူက တိုက်ခိုက်ဖို့ရည်ရွယ်ချက်မရှိဟန်နဲ့ မတုန်မလှုပ်ရပ်နေပါတယ်။
ကြူရှီယာနဲ့မျက်နှာချင်းဆိုင်ရပ်နေသူက ဒုတိယတန်းကျောင်းက အငယ်တန်းမှော်ဆရာဖြစ်ပါတယ်။ သူရင်ဆိုင်ရမယ့်သူက မှော်ပါရမီရှင်ကြူရှီယာမှန်း သိသွားချိန်မှာ ကံကြမ္မာကြီးရယ် ဘာလို့ကျနော့်ကို မျက်နှာသာမပေးရတာလဲဆိုပြီး ခေါင်းမော့ကာအော်ဟစ်ပစ်ချင်စိတ်ဖြစ်သွားခဲ့ပါတယ်။
ကြူရှီယာက ဘာလှုပ်ရှားမှုမှမလုပ်သလို မှော်ဆရာငယ်လေးကလည်း မလှုပ်ရဲပါဘူး။ သူက သူ့ကျောင်းမှာတော့ အတော်ဆုံးဖြစ်ပမယ့် သူ့ကျောင်းက ဒုတိယတန်းစားပဲရှိကာ တော်ဝင်ရိုလန်ကျောင်း မှော်ပညာဌာနကို ၀င်ခဲ့မယ်ဆိုရင် အဆင့်တစ်ဆယ်အတွင်းဝင်ဖို့ရာကိုက မေးခွန်းထုတ်စရာဖြစ်နေမှာပါ။