ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၀၀)
ဆိုင်တွေမှာက ပစ္စည်းအကန့်အသတ်နဲ့သာ ထားကြတာဖြစ်လို့ နည်းနည်းပဲဝယ်လို့ရခဲ့တာပါ။ လိုအပ်တာတွေကို လုံလုံလောက်လောက်ဝယ်နိုင်ဖို့ တော်တော်ခက်ပါလိမ့်မယ်။ ဒီအချိန်မှာပဲ ငနာလေးကောင်ကို သူမ တွေးမိလိုက်ပါတော့သည်။
နေပြည်တော်၏ အခမ်းနားအကြီးကျယ်ဆုံး စားသောက်ဆိုင်အတွင်းဝယ် ရှန်ယန်ရှောင်တစ်ယောက်ဟာဆိုရင်ဖြင့် လူလေးဉီးအား ရက်ရောလှစွာ ဖိတ်ကြားဧည့်ခံလျှက်ရှိပြီး ထိုလေးဉီးကတော့ ငနာလေးကောင်နဲ့ ထပ်တိုးမိသားစုဝင် တစ်ဦီးတို့ဖြစ်ပါသည်။
အဆိုပါခမ်းနားကြီးကျယ်လှသော စားသောက်ဆိုင်၏ တန်ဖိုးကြီးသီးသန့်ခန်းတစ်ခုထဲမှာ ငနာလေးကောင်ဟာ မျက်နှာတစ်ခုလုံးပြုံးချိုနေလျှက်ရှိတဲ့ ရှန်ယန်ရှောင်အား အဓိပ္ပါယ်ပါပါ ကြည့်ရှုအကဲခတ်နေကြပါသည်။
“မနေ့ညက မင်းဘာလုပ်ခဲ့တာတုန်း”လို့ တန်နာဇီက မျက်စိကိုကျဉ်းလိုက်ကာ ပြုံးဖြီးဖြီးရှိနေသော ရှန်ယန်ရှောင်ကို မေးလိုက်ပါသည်။သူက မေးခွန်းထုတ်လိုက်တာဖြစ်ပေမယ့် သူ့လေသံကတော့ အဖြေသိပြီးသူတစ်ယောက်လိုပါပဲ။
“သေချာပေါက် မင်းပဲ”လို့ ယန်းရှီက ခိုင်မာစွာပြောလိုက်သည်။
“ဒါက တော်တော်လေးကို လက်ဆပြင်းတာပဲ”လို့ ယန်ယုက သက်ပြင်းချရင်း ခေါင်းယမ်းကာ ပြောလိုက်ပါသည်။
ကြူရှီယာကတော့ တစ်ချက်ရယ်သွေးသွမ်းလိုက်ပြီး ဘာမှမပြောခဲ့ပါဘူး။ သရော်လှောင်ပြောင်တဲ့စကား မပြောဆိုတာဟာ သူ့အတွက်တော့ ရှားရှားပါးပါးပါပဲ။
ဘေးမှာရှိနေတဲ့ လီရှောင်ဝေကတော့ ငနာလေးကောင်ရဲ့ အရင်းမရှိအဖျားမရှိ စကားတွေကြောင့် ဘာကိုမှ နားမလည်နိုင်ဘူး ဖြစ်နေရပါသည်။
“မင်းတို့တွေ ဘာကိစ္စကို ပြောနေကြတာလဲ”လို့ မနေနိုင်တာကြောင့် လီရှောင်ဝေက ထုတ်မေးလိုက်ပါတော့သည်။
တန်နာဇီက သူ့အစ်ကိုဖြစ်သူ၏ ပုခုံးပေါ်ကို လက်တင်လိုက်ပြီးနောက် ပြောပြလိုက်ပါသည်။