ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၃၃)
ဒဏ္ဍာရီသတ္တဝါဆိုသောစကားလုံးက မိုးကြိုးပစ်ချလိုက်သလိုမျိုး ကန်းတီခေါင်းထဲမြည်ဟီးသွားပါသည်။
“ဒဏ္ဍာရီသတ္တဝါဟုတ်လား”
“ဟု..ဟုတ်ပါတယ်”
“နှစ်ကောင်တောင်ဟုတ်လား”
“ဟုတ်ကဲ့ နှစ်ကောင်ပါ”
ကန်းတီမျက်နှာပုံဆိုးပန်းဆိုးဖြစ်သွားသည်။လောင်းရွှမ်အင်ပါယာက စေလွှတ်ခဲ့ဖူးသောလူတွေဟာ အစွမ်းအ စမသေးကြပေမယ့် သူတို့သုံးနိုင်ငံပူးပေါင်းအင်အားမှ ဖိနှိပ်မှုဒဏ်ကိုခံရပြီး ခြေကုပ်စခန်း မထူထောင်နိုင်ခဲ့ ကြပါဘူး ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ အခြေအနေက လုံးဝကွဲပြားသွားနေပါပြီ။ဒဏ္ဍာရီသတ္တဝါနှစ်ကောင် ရဲ့အင်အားကို လျှော့မတွက်ရဲကြပါဘူး။
နောက်ပြီးတော့ ဒီတစ်ခေါက်လာတဲ့လောင်းရွှမ်ကိုယ်စားလှယ်က တစ်ကယ့်ကိုရဲတင်းလွန်းပါတယ်။ စွန့်ပစ်နယ်မြေထဲကို ရောက်ကာစမှာတင် တစ်ခြားအင်အားစုနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရဲနေပါပြီ။ ဒီကိစ္စက ကိုယ့်အရည်အချင်းကိုအထင်ကြီးလွန်းနေတာလား ယုံကြည်မှုရှိလွန်းနေလို့လားဆိုတာကိုတော့ သူမသိပါဘူး။
“ငါ့ကို သေသေချာချာလေးရှင်းပြစမ်း။သူတို့ရောက်လာတဲ့အချိန်ကနေစပြီး အခုမင်းတို့ဒီကိုပြန်ရောက်တဲ့ အထိ အကြောင်းစုံကိုရှင်းပြစမ်း”
ထိုလူလည်း ရှန်ယန်ရှောင်ရောက်လာတဲ့အချိန်ကစလို့ အကြောင်းစုံကို မကွယ်ဝှက်ရဲဘဲ ရှင်းပြလိုက်ပါတယ်။
ပြောရမယ်ဆိုရင် ရှန်ယန်ရှောင်နဲ့ရင်ဆိုင်စဉ်တုန်းက ကျူရူတစ်ယောက်သာ အနာတရဖြစ်ခဲ့တာဖြစ်ပြီး ကျန်လူတွေက ပြန်လာတဲ့လမ်းခရီးမှာ သေဆုံးခဲ့ကြရတာဖြစ်ပါသည်။
သတ္တုတွင်းကနေ ထွက်ပြေးလာခဲ့ချိန်တုန်းက ဟောင်းရောင်မှုန့်တွေကိုယူခဲ့ဖို့ရာ ဘယ်သူမှသတိရမနေခဲ့ကြ ပါဘူး။ဒါကြောင့် အပြန်လမ်းမှာ နတ်ဆိုးတွေရဲ့သတိပြုခြင်းကို ခံခဲ့ကြရပြီး နတ်ဆိုးအုပ်စုကြီးတစ်စုနဲ့ တွေ့ဆုံရင်ဆိုင်ခဲ့ရပြီး အများအပြားသေကြေခဲ့ကြရခြင်းဖြစ်ပါတယ်။