ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၁၉)
ခဏအကြာတွင် ကြမ်းကြုတ်ဝံပုလွေတစ်ယောက် တဲတစ်လုံးအတွင်းကနေ ထွက်လာတာကို တွေ့ရပြီး လူတစ်ယောက်၏ခါးလောက်ထိရှိမည့် အိတ်တစ်လုံးအား သယ်လာတာကိုလည်းမြင်ရမည်ဖြစ်သည်။
“တစ်ခြားထူးထူးထွေထွေတော့ ရှာမတွေ့ဘူးကွ ဒါပေမယ့် ဒီအိတ်ထဲကဟာကတော့ ဘာမှန်းလည်း ငါမသိဘူးကွ”
“ဖွင့်လိုက်ပါလား ကြည့်ကြတာပေါ့”လို့ ရှန်ယန်ရှောင်က ပြောလိုက်သည်။
နယ်စားမင်းတစ်ယောက်သားဖြစ်တဲ့ ကျူရူမှာ တန်ဖိုးကြီးတဲ့ပစ္စည်းတွေ ပါမလာဘူးဆိုတာ မဖြစ်နိုင်ပါဘူး။
ကြမ်းကြုတ်ဝံပုလွေလည်း အိတ်ကိုဖွင့်လိုက်တော့ အိတ်ထဲမှာ အညိုရောင်အမှုန့်တွေသာရှိပြီး အနံ့ကိုဘယ်လိုဝေခွဲရမလဲ မသိဘူးဖြစ်နေကြပါသည်။
“အိုး မင်းတို့လူသားတွေက တော်တော်ဉာဏ်ပြေးကြတာပါလား”လို့ ပွင့်နေသော အိတ်ကိုကြည့်ပြီးတော့ ဖူတူကပြောလိုက်တာြဖစ်သည်။
“ဘာကိုပြောတာလဲ”လို့ ရှန်ယန်ရှောင်က ဖူတူအားမေးလိုက်သည်။ဒီအိတ်ထဲကအရာတွေကို ဖူတူသိနေတယ်လို့ သူမ ခံစားမိနေသည်။
ဖူတူလည်း လမ်းလျှောက်လာလိုက်ပြီးနောက် အိတ်ထဲကိုနှိုက်ကာ လက်တစ်ဆုပ်စာခန့်ရှိသော အမှုန့်တွေအား ယူလိုက်ပြီး ပြုံးကာပြောလိုက်သည်။
“မင်းတို့လူတွေက နတ်ဆိုးတွေကိုကြောက်ကြတယ်လေ။နတ်ဆိုးတွေကို ချေမှုန်းပစ်ချင်သလို သူတို့ရဲ့တိုက်ခိုက်ခြင်းကိုလည်း မခံချင်ကြဘူး အဲ့ဒီတော့ ဒီအမှုန့်တွေက မင်းတို့ရဲ့ အပြောင်မြောက်ဆုံး လက်ရာတစ်ခုပဲ”
“အဲ့ဒါက ဘာလဲ”
ဖူတူ ဆက်ရှင်းပြတာက “ဒီအမှုန့်ကို အဆင့်နိမ့်နတ်ဆိုးတွေရဲ့ အရိုးတွေကိုချေပြီးတော့ မီးခိုးမြက်ရဲ့အရည်နဲ့ ရောထားတာ။လူ့ကိုယ်ပေါ်ကိုဖြန်းပက်ထားရင် နတ်ဆိုးတွေရဲ့ အနံ့ခံအာရုံကို ရှောင်ရှားနိုင်တယ်”
နတ်ဆိုးတွေဟာ ကြမ်းကြုတ်ရက်စက်မှုကလွဲရင် သူတို့ရဲ့ အနံ့ခံအာရုံဟာ ဒဏ္ဍာရီသတ္တဝါတွေနဲ့ နှိုင်းယှဉ်လို့ ရပါသည်။