ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၁၀)
လူတစ်ရာ့နှစ်ဆယ်ဟာ လှည်းတွေအပေါ် တက်လိုက်ကြသည်။လှည်းဘီးတွေလည်း လည်ပတ်သွားပြီးနောက် ခရီးသည်တွေအား ဘာမှန်းညာမှန်းမသိရသော နေရာဆီသို့ ခေါ်ဆောင်သွားလိုက်တော့သည်။
ဘီးတစ်ပတ်လည်တိုင်း သူတို့တွေဟာ စွန့်ပစ်နယ်မြေနဲ့ပိုနီးသွားပြီး လောင်းရွှမ်ပြည်နဲ့ ပိုဝေးသွားပါတယ်။မကြာမှီမှာပဲ အနက်ရောင်တိမ်တိုက်များဖုံးလွှမ်းထားသော နယ်မြေထဲကို ဝင်ရောက်သွားပါသည်။
ဒီအချိန်ကစလို့ သူတို့တွေ၏ ရာဇဝင်တွင်သော ဇာတ်လမ်းတစ်ပုဒ်ဟာ တိတ်ဆိတ်စွာပဲ စတင်လိုက်ပါတော့သည်။
ဒီစွန့်စားလမ်းခရီးကနေပြီး နတ်ဆိုးတို့၏မြို့တော် တည်ထောင်ခြင်းမှာ သူတို့တွေကိုယ်တိုင်ပါဝင်ခဲ့ရလိမ့်မယ်လို့ မည်သူမှ တွေးမထားမိခဲ့ကြတာတော့ အမှန်ပင်ဖြစ်သည်။
တစ်တိုက်လုံးသိရှိကြသောသူ သမိုင်းကို ကြိမ်ဖန်များစွာ ဖန်တီးရေးထိုးနိုင်ခဲ့သူဖြစ်သော နတ်ဆိုးသခင် မွေးဖွားဖြစ်တည်လာခြင်းကိုလည်း သူတို့မျက်စိနဲ့ တပ်အပ်မြင်တွေ့ခွင့်ရသောသူတွေလည်း ဖြစ်လာကြဉီးမှာပါ။
ဒါတွေအားလုံးက အခုမှ စတင်ရုံပဲ ရှိပါသေးသည်။
စွန့်ပစ်နယ်မြေထဲကို သူတို့တွေခြေချမိတာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး ချက်ခြင်းပဲ မည်းမှောင်အုံ့မှိုင်းလာပါတယ်။ အအေးလှိုင်းတွေက သူတို့ခြေထောက်တွေထဲ ဝင်ရောက်သွားသလိုမျိုး အားလုံးပဲ ခံစားလိုက်မိကြသည်။
မှောင်မှိုင်းသောမြေပေါ်မှာ အဆမတန်ကြီးထွားနေသော မြက်ရိုင်းတွေနဲ့ ပြည့်နေပြီး ကြောက်မက်ဖွယ်ပုံပန်းရှိသော အစိမ်းရောင် သစ်ပင်ပန်းမန်တွေက အမှောင်ထဲမှာ ပုန်းအောင်းရှင်သန်နေကြပါသည်။
ထူးဆန်းသောအပင်တွေက ကျောက်တုံးတွေကြားမှာ တိတ်ဆိတ်စွာ ရှင်သန်နေကြကာ လေတိုက်လိုက်တိုင်းမှာ မခံမရပ်နိုင်စရာကောင်းသော အနံ့ဆိုးကို ထုတ်လွှတ်နေပါသည်။