ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၈၉)“မင်း”
လီချီ ရှန်ယန်ရှောင်ကို ရိုက်မိမတတ်ဖြစ်သွားခဲ့သည်။ဒီရှန်ယန်ရှောင်ကတော့ တစ်ကယ့်ကို အလိုက်ကန်းဆိုးမသိတာဘဲ။
“မင်းဆီကို ပေးထားသမျှငွေတွေကို မင်းအိပ်ထောင်ထဲမှာပဲ အကုန်ထည့်ထားပြီး အထူးတမန်တော်ကိုလည်း ရည်ရွယ်ချက်ရှိရှိနဲ့ မချေမငံဆက်ဆံတယ်ဆိုပြီး အရှင်မင်းကြီးဆီ သတင်းမပို့ဘူးလို့ ထင်နေတာလား”
“လုပ်လိုက်ပါ”လို့ ရှန်ယန်ရှောင်က ဂရုမစိုက်သောလေသံဖြင့်ပြောလိုက်သည်။
ငါ့ကိုတိုင်ချင်တယ်ဆိုရင် မြန်မြန်လေးသာလုပ်ပါကွာ နေပြည်တော်ကို မြန်မြန်ပြန်ပြီးတော့ ငါ့မျက်စိထဲ လာမရှုပ်နေပါနဲ့တော့။
လီချီမျက်လုံးပြူးသွားခဲ့သည်။ရှန်ယန်ရှောင်က ဒီလိုပြောမယ်လို့ သူ မထင်ထားခဲ့မိပါဘူး။
ဖေးယွမ်မျက်လုံးတွေကတော့ ရှန်ယန်ရှောင်နောက်မှာရပ်နေတဲ့ မကျေမနပ်ပုံဖြစ်နေသော အဆင့်မြင့်နတ်ဆိုးဆီမှာပဲ ကျရောက်နေတာဖြစ်သည်။လီချီက ထပ်ပြောမယ်အလုပ် ဖေးယွမ်က လက်ကိုရုတ်တရက်မြှောက်၍ အဆင့်မြင့်နတ်ဆိုးကို လက်ညှိုးနဲ့ထိုးလိုက်သည်။
“သူက နတ်ဆိုးတစ်ကောင်ပဲ”
ဖေးယွမ်ရဲ့ စကားက ရှိသမျှလူအားလုံးကို ကြောင်အမ်းအမ်းဖြစ်သွားစေခဲ့ပါသည်။
ရှန်ယန်ရှောင် ထိတ်ကနဲဖြစ်သွားသည်။ဖေးယွမ်က ဒီလူငယ်ကို နတ်ဆိုးမှန်း ဘယ်လိုလုပ်ပြီး သိတာလဲ။
“မင်းတိုင်ပင်ကြီး ဘာပြောလိုက်တာလဲ”လို့ လီချီက သူများ နားကြားလွဲတာလားဆိုပြီး ဖေးယွမ်ကို မေးလိုက်ပါသည်။
ဖေးယွမ်က ခုန်ထလိုက်ပြီးနောက် လက်စွပ်ထဲက မှော်တုတ်တံကို ထုတ်ယူလိုက်သည်။
“အဆင့်မြင့်နတ်ဆိုးတစ်ကောင်ရဲ့ အသွင်ပြောင်းလဲမှုက တစ်ခြားသူတွေကို လှည့်စားနိုင်ပေမယ့် ငါ့ကိုယ်ထဲက ဒဏ္ဍာရီသတ္တဝါကိုတော့ မလှည့်စားနိုင်ပါဘူး”ဟုပြော၍ မှော်တုတ်တံကိုမြှောက် ကာ အဆင့်မြင့်နတ်ဆိုးအား တိုက်ခိုက်လိုက်ပါသည်။
အဆင့်မြင့်နတ်ဆိုးလည်း တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် နတ်ဆိုးအသွင်ဖြင့် ထွက်ပြေး သွားပုံက တစ်ကယ့်ကို တုန်လှုပ်ဖို့ကောင်းလှပါသည်။
ရှန်ယန်ရှောင်၏ စိတ်ထဲမှာတော့ အချက်ပေးသံတွေညံသွားခဲ့သည်။ဖေးယွမ်ရဲ့ မှော်သားရဲက ဒဏ္ဍာရီသတ္တဝါအဆင့်ဖြစ်မယ်လို့ သူမ ထင်မထားခဲ့မိပါလေ။အရမ်းစွမ်းအားရှိသော လူပုဂ္ဂိုလ် သို့မဟုတ် မှော်သားရဲတွေမဟုတ်ရင် နတ်ဆိုးတွေရဲ့ အသွင်ပြောင်းလဲမှုကို သိရှိနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။နေပြည်တော်က လွှတ်လိုက်တဲ့ တမန်တော်အဖွဲ့ထဲမှာ အခုလို စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက် ပါဝင်နေမယ်လို့ သူမ မမျှော်လင့်ထားခဲ့ပါဘူး။
ဒီဖေးယွမ်ဆိုသူဟာ ရောက်ကတည်းက တိတ်တိတ်သာနေခဲ့တာဖြစ်လို့ ဘာကိုမှ မရိပ်မိခဲ့ဘူးလို့သာ သူမ ယူဆခဲ့တာဖြစ်ပြီး အခုအခါမှာတော့…ချီးပဲကွာ…
နတ်ဆိုးက သူ့တိုက်ခိုက်မှုကို ရှောင်လိုက်တာကို မြင်လိုက်တဲ့ ဖေးယွမ်က အလျင်စလိုမရှိဘဲ ရှန်ယန်ရှောင်ဖက်လှည့်ကာ ပြောလိုက်ပါသည်။
“တက်သစ်နေမြို့တော်ကို ဝင်ရောက်ကတည်းက ငါ့ကိုယ်ထဲက ဒဏ္ဍာရီသတ္တဝါက ဒီမြို့ထဲမှာ နတ်ဆိုးတွေအများကြီး ရှိနေတယ်ဆိုတာကို သိရှိပြီးဖြစ်တယ်။ရှန်ယန်ရှောင် မင်းရဲ့ စာထဲမှာ တက်သစ်နေမြို့တော်ထဲက နတ်ဆိုးမှန်သမျှ မရှိတော့ဘူးလို့ ရေးသားတင်ပြထားတာပဲ ဒီနတ်ဆိုးတွေကရော ဘာသဘောလဲ”
“မင်း…မင်းတိုင်ပင်ကြီး ဒီမြို့ထဲမှာ နတ်…ဆိုးတွေ အများကြီးပဲလား”
နတ်ဆိုးဟု ကြားသိလိုက်ရချိန်မှာ တစ်ကိုယ်လုံးတုန်တက်၍ ကြောက်ရွံ့သွားတဲ့ လီချီက ဖေးယွမ်၏နောက်မှာ ပုန်းကွယ်နေလိုက်သည်။
“အင်း ဒီမှာ နတ်ဆိုးတွေအများကြီးရှိနေပြီးတော့ လူ့အသွင်ပြောင်းနိုင်တဲ့ အဆင့်မြင့်နတ်ဆိုး အတော်များတယ်။ရှန်ယန်ရှောင် မင်းငါ့ကို ဘယ်လိုရှင်းပြမလဲကွ ဒီနတ်ဆိုးတွေနဲ့ ပတ်သတ်ပြီး မင်းသိထားလား မသိဘူးလား”ဟု ဖေးယွမ်က မျက်နှာထားခက်ထန်စွာဖြင့် မေးလိုက်သည်။
ရှန်ယန်ရှောင် အံကိုသာတင်းနေအောင် ကြိတ်လိုက်မိသည်။ဖေးယွမ်ကြောင့် မမျှော်လင့်ထား တာတွေ ဖြစ်လာကုန်ပါပြီ။