ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၀၅)
အနောက်ဖက်ကွက်လပ်ရဲ့ အဝနားမှာ ရှန်ယန်ရှောင် မတ်တတ်ရပ်နေပါသည်။ငြိမ်သက်တိတ်ဆိတ်နေတဲ့ ကြေးစားအဖွဲ့သားတွေအား သူမက နှုတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေတာဖြစ်သည်။ သူတို့တွေ ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် သူမ လက်သင့်ခံမှာပါ။ သူမတို့ကြားမှာ သူငယ်ချင်းအပေါင်းအသင်း သံယောဇဉ်ရှိသော်လည်း သေအတူရှင်မကွာဆိုတဲ့အထိတော့ မခိုင်မြဲကြသေးပါဘူး။
“အဲ့ဒါလေ”
ကြေးစားလေးတစ်ဉီးက လက်မြှောက်လိုက်တော့ တူလန်းက ထိုသူ့အားကြည့်လိုက်ပါသည်။ကြေးစားလေးက အနည်းငယ်စိုးရွံ့နေဟန်ပေါ်ပေမယ့် ဆက်ပြောလိုက်နိုင်ပါသည်။
“ကျနော်သိချင်တာကလေ တစ်ယောက်ယောက်က အဲ့ကိုသွားမယ်ဆိုလိုက်ပါတော့ဗျာ အခကြေးငွေကို အရင်ပေးထားနိုင်မလားဗျ”
“ဒါကတော့..”လို့ပြောရင်း တူလန်းက ရှန်ယန်ရှောင်အား လှမ်းကြည့်လိုက်တော့ သူမက ခေါင်းကို အသာညိတ်ပြလိုက်သည်။
တူလန်းလည်း “ရတယ်”လို့ ပြန်ဖြေလိုက်သည်။
ကြေးစားလည်း စပ်ဖြဲဖြဲပြုံးလိုက်ပြီးနောက် ရှက်သွားဟန်ဖြင့် ခေါင်းကိုလက်နဲ့ကုတ်လိုက်ပါသည်။
“ပိုက်ဆံအရင်ရမယ်ဆိုရင် လုံလောက်ပါပြီ။အဲ့ဆီမှာ ဘယ်လောက်ကြာအောင် နေရမလဲဆိုတာ မပြောနိုင်ဘူးလေ… ကျနော့်မိသားစုကို အနည်းဆုံးတော့ ငွေလုံလုံလောက်လောက် ပေးထားခဲ့ချင်လို့ပါ”
တူလန်းက ထပ်မေးလိုက်သည်။
“မင်းက သွားဖို့ သဘောတူသလား”
ကြေးစားကပြန်ဖြေလိုက်တာကတော့ “ဟောင်ရှောင်ဆိုတာ ကျနော်တို့ရဲ့ညီငယ်လေး…အာ မဟုတ်ပါဘူး…ညီမလေး. ကျနော်တို့ရဲ့ ညီမငယ်လေးက အခက်အခဲဖြစ်နေတာလေ ကျနော်တို့လို အစ်ကိုကြီးတွေက ဘာမှလုပ်မပေးဘဲ လက်ပိုက်ကြည့်နေရမှာလား။နောက်ပြီးတော့ ကျနော်တို့ ဒုက္ခရောက်နေတဲ့ အချိန်တွေမှာဆိုရင် ဟောင်ရှောင်က အများကြီး ကူညီပေးခဲ့တာပဲ။အဲ့ဒါကြောင့် ကျနော်သွားဖို့ ဆန္ဒရှိတာ…”