၅၃၁

3.2K 444 0
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၅၃၁)

ဒီအဆောက်အဉီပျက်ကြီးက အချိန်မရွေးပြိုကျနိုင်တဲ့ အနေအထားမှာရှိပါတယ်။ကံကောင်းလို့သာ မနေ့ည လူတွေအိပ်နေတုန်း ပြိုမကျလို့ပေါ့ မဟုတ်ရင် ဘယ်နှစ်ယောက်လောက် အိပ်ကောင်းနေတုန်းမှာ အမိုးပိပြီး သေမယ်မသိပါဘူး။

အဆင့်နိမ့်နတ်ဆိုးတွေကလည်း ကျေးဇူးတရားကို သိတတ်ကြတယ်လား ကြည့်ရတာ ရန်လိုတဲ့အနေ အထားကို ဖယ်ရှားလိုက်ပြီးတဲ့နောက် နတ်ဆိုးတွေလည်း တွေးခေါ်စဉ်းစားတတ်လာပုံပါပဲ။

“ဒါပေမယ့် ကြမ်းကြုတ်ဝံပုလွေက ဒီကိစ္စကို အမှုမဲ့အမှတ်မဲ့ပဲ သဘောထားလိုက်ပုံပဲ”လို့ ဖူတူက ပြောလိုက်ပြန်သည်။

“အော”

“ဘာလို့လဲဆိုတော့ မင်းတို့လူသားတွေက အဆင့်နိမ့်နတ်ဆိုးတွေရဲ့ အပေါ်ယံအသွင်အပြင်ကိုပဲ မြင်ကြတာကိုး”

အဲ့ဒါဟုတ်သားပဲ…

ရှန်ယန်ရှောင်လည်း ကျောဆန့်လိုက်ပြီးနောက် အပြင်ကိုထွက်လိုက်သည်။

အဆင့်မြင့်နတ်ဆိုးငါးယောက်က အပြင်မှာစောင့်နေတာ တော်တော်ကြာပါပြီ။လူတွေကို ထိတ်လန့်စေမယ့် အစား ဒီအပြင်မှာသာ သူတို့တွေရပ်စောင့်နေလိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်ပါသည်။

“အခြေအနေက တော်တော်လေးကောင်းတယ်။သူတို့အားလုံး မင်းပြောတဲ့အချက်တွေကို သဘောတူ ကြတယ် ဒါပေမယ့် သူတို့ကိုအရင်ဆုံး အနက်ရောင်စွမ်းအင် အမြည်းကျွေးမှတော့ဖြစ်မယ်”လို့ ကျားလန်က ပြောသည်။

“ဒီကိစ္စက မခက်ပါဘူး။မြို့ထဲက အဆင့်မြင့်နတ်ဆိုးအားလုံးကို ဒီနေ့ညနေပိုင်းမှာ ရင်ပြင်မှာ စုထားပေး လိုက်။သူတို့တွေ အဝစားစေရမယ်”လို့ ရှန်ယန်ရှောင်က ပြောလိုက်သည်။

“ဟုတ်ကဲ့”လို့ အဆင့်မြင့်နတ်ဆိုးငါးယောက်လုံးက စိတ်လှုပ်ရှားစွာပြောလိုက်ကြသည်။

အား နောက်ဆုံးတော့ အနက်ရောင်စွမ်းအင်ကို ပြန်စားကြရတော့မယ်ဟေ့…

ထို့နောက် ထိုနေ့ညနေခင်းမှာပဲ အဆင့်မြင့်နတ်ဆိုးအားလုံး ရင်ပြင်မှာရောက်ရှိစုရုံးနေကြတာကို တွေ့မြင်နိုင်ပါသည်။တိုင်းပြည်တစ်ဝက်လောက်အား ဖျက်စီးနိုင်စွမ်းရှိကြသော အဆင့်မြင့်နတ်ဆိုးတွေ တစ်ချိန်ထဲတစ်နေရာထဲမှာ စုဝေးနေကြပြီး စားပွဲသောက်ပွဲကြီးကို စောင့်ဆိုင်းနေကြပါသည်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now