ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၄၀)လူငယ်က လှောင်ပြုံးပြုံးလိုက်ပြီးနောက် သူတို့ပြောနေတာတွေကို အရေးမလုပ်ခဲ့ပါဘူး။ရှန်ယန်ရှောင်၏ အနောက်မှာရှိနေတဲ့ ကျူလေးကိုတွေ့လိုက်တော့ မဲ့လိုက်ပြီးနောက် “ဒီဗိုင်းတာမက ကျွန်စုတ်တွေထဲမှာမှ တစ်ကယ့်အစုတ်အပဲ့အဖြစ်ဆုံးပဲ မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်ထပ်ဧည့်သည်တစ်ယောက်ဆီမှာ သွားပူးကပ်နေပြီပဲ”
ကျူလေးရဲ့ကိုယ်လုံးလေး တုန်ယင်သွားပြီး ဘာမှခွန်းတုံ့ပြန်ရဲခြင်းမရှိပါဘူး။
လူငယ်က ရှန်ယန်ရှောင်ကိုလည်း သတိပြုမိသွားကာ အလွန်အင်မတန်လှပသော မိန်းကလေးအား ခေါင်းဆုံးခြေဆုံးကြည့်လိုက်သည်။
“ကျွတ်…ကျွတ် မိန်းမလှလေးရေ ဒီစုတ်ပြတ်တဲ့ကျွန်စုတ်က မိန်းမလှလေးနဲ့ မအပ်စပ်ပါဘူး။သူ့ကို မိန်းကလေးနားမှာထားရင် မိန်းကလေးရဲ့ အလှတရားကို ပျက်စီးသွားစေမှာပဲ”လို့ပြောကာ လက်ကိုဝှေ့ယမ်းလိုက်သည်။
သူ့နောက်လိုက်တွေက ချက်ခြင်းပဲရှေ့ကိုထွက်လာကြပြီး သူတို့ဝယ်လာသော ကျွန်မလေးတွေကို ရှန်ယန်ရှောင်ရှေ့ကို ထားလိုက်ပါတယ်။
“ဒါတွေက ကျနော်ရွေးဝယ်လာတဲ့ကလေးတွေပါ။သူတို့မှာ ရုပ်ရည်ပြေပြစ်မှုရှိရုံသာမက လိမ္မာကျိုးနွံမှုလည်း ရှိကြပါတယ် နောက်ပြီး လည်လည်ဝယ်ဝယ်လည်းရှိကြသေးတယ်။နည်းနည်းသင်ပြပေးရုံနဲ့ ဘာမဆို တတ်သွားကြမှာပါ”
လူငယ်ဖြစ်သူက ပြုံးစစဖြင့်ပြောလိုက်တာဖြစ်ပြီး သူရွေးချယ်ဝယ်ယူလာတဲ့ကျွန်တွေကို တစ်ခြားသူက ပြန်ဝယ်မှာကို စိတ်မရှိတဲ့ဟန်ဖြင့်ပြောလိုက်သည်။
ရှန်ယန်ရှောင်မျက်ခုံးပင့်လိုက်မိသည် တစ်ဖက်လူ၏ မြှောက်ပင့်ပြောဆိုနေမှုတွေကို သူမ တော်တော်လေး စိတ်ပျက်နေမိသလို ပိုပြီးတော့လည်း ဝေခွဲမရဖြစ်သွားရပါသည်။ဒီလူငယ်ရဲ့ ထပ်တလဲလဲ ရှင်းပြနေမှုက တစ်ကယ့်အဓိကအချက်ပါ။
သူက သူမနောက်က ကောင်မလေးကို လိုချင်တာကြောင့် ပိုများတဲ့ကျွန်တွေနဲ့အလိုက်ပေးလဲချင်နေပါတယ်။
ကျိုးနွံလိမ္မာမှုမရှိတဲ့ကောင်မလေးတစ်ယောက်အတွက် ကျွန်တွေအများကြီးပေးမယ်ဆိုတာကြောင့် စိတ်ထဲမှာ မတင်မကျဖြစ်စေရပါတယ်။တစ်ဖက်လူရဲ့ စကားလှပစွာပြောဆိုမှုအပေါ်မှာတော့ သူမ အရေးမစိုက်ပါဘူး။
မိမိရဲ့စိတ်ဓာတ်နဲ့သိက္ခာတို့မရှိတော့ပြီဖြစ်သော ကျွန်တွေထက်စာရင် သူမကတော့ ဘယ်လိုခုခံရမှန်း သိသေးသော ကျူလေးကိုသာ ရွေးချယ်ဝယ်ယူမှာဖြစ်ပါတယ်။
“ကျနော် စိတ်မကောင်းပါဘူး ကျွန်ချင်းလဲဖို့စိတ်ကူးမရှိပါဘူး”လို့ လက်ပိုက်ကာ ပြောလိုက်သော ရှန်ယန်ရှောင်၏မျက်နှာမှာ မနှစ်မြို့ဟန်ပေါ်လွင်နေပါတယ်။
လူငယ်ဖြစ်သူဟာ ပထမတော့ စိတ်ပျက်သွားဟန်ပေါက်သွားပြီးနောက် ချက်ခြင်းပဲ ရယ်မောက ပြောလိုက်ပြန်ပါတယ်။
“ဒါပေမယ့် ဒီကလေးကို ကျနော်အရင်ရွေးထားတာပါ”
“အိုး” ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်သည်။
“ဒါဆို သူ့အတွက်ငွေချေပြီးပြီလား”
“မချေရသေးဘူး သူ့ကိုသဘောကျမိတုန်းရှိသေးတယ် ကျွန်တစ်ယောက်က သူ့ကိုဆွဲခေါ်ပြီး ထွက်ပြေးသွားတာလေ ဒီတော့ ငွေပေးချိန်ကိုမရလိုက်ဘူး”လို့ လူငယ်ကပြုံးကာပြောလိုက်သည်။
ရှန်ယန်ရှောင်လည်း ပြုံးရိပ်သန်းကာ ပြောလိုက်တာက “သူ့အတွက် ငွေတောင်မချေရသေးဘဲနဲ့ သူက ဘယ်လိုလုပ်ပြီး ခင်ဗျားဟာဖြစ်မှာလဲ မဟုတ်ဘူးလား”ဟုဖြစ်ပြီး လက်စွပ်ထဲရှိ ရွှေပြားအချို့အား ထုတ်ယူလိုက်ကာ ရွှေပြားတွေအား ပဲစေ့တွေသဖွယ်သတ်မှတ်ပြီး မြေပေါ်သို့ လက်လွတ်စပယ်ပစ်ချနေရာ တချွင်ချွင်မြည်နေပါတော့သည်။
အဆိုပါကုန်သည်တွေသည် သူတို့ရှေ့ကိုပစ်ချလိုက်သော ရွှေပြားဆယ်ပြားကို ငေးကြည့်နေသည်မှာ မျက်စိတွေပြုတ်ထွက်လာတော့မတတ်ပင်။ရှန်ယန်ရှောင်က ထိုလူတွေအား တစ်ချက်ဝေ့ကြည့်လိုက်ကာ လောက်ပြီလားဟု မျက်ရိပ်ပြကာမေးလိုက်သည်။
ကုန်သည်တွေလည်း တံတွေးတွေမြိုချလိုက်ကြသလို အတန်ကြာသည်အထိ စကားသံမထွက်နိုင် ဖြစ်နေကြရသည်။ရှန်ယန်ရှောင်က နောက်ထပ်ရွှေတစ်ဆုပ်အားပစ်ချလိုက်သည်ကို ဘာမှမတတ်နိုင်ဘဲ ကြည့်နေလိုက်ကြရပြန်သည်။
သာမန်ကျွန်တစ်ယောက်အတွက် ရွှေပြားအနည်းငယ်သာတန်ကြေးရှိတာဖြစ်ပြီး အထူးတစ်လည်ရှိသော ကျွန်တစ်ချို့တစ်လေမှသာ ဈေးတန်းမြင့်မားလေ့ရှိပါသည်။သို့သော်လည်း သာမန်ကျွန်နှစ်ယောက်အတွက် ရှန်ယန်ရှောင်က ရွှေပြားဆယ်ပြားအား သာမန်ကာလျှံကာသဘောဖြင့် ပစ်ပေးလိုက်တာဖြစ်သည်။ ဘာကပိုလန့်ဖို့ကောင်းသလဲဆိုတော့ ဒုတိယအကြိမ်အဖြစ် ရွှေပြားများပစ်ချလိုက်တော့ မြေပေါ်တွင် ပြန့်ကျဲနေသည်က ရွှေပြားပေါင်းအနည်းဆုံးတစ်ရာခန့်ရှိနေခြင်းဖြစ်သည်။