ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၁၈)
ရှန်ယန်ရှောင်လည်း ခေါင်းကိုမော့ကာ အနက်ရောင်တိမ်တိုက်တွေကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။
“တစ်ကယ်တန်းတော့ ကျနော်က သူတို့ကို နာခံသည်ဖြစ်စေ တွန်းလှန်သည်ဖြစ်စေ တိုင်းပြည်သုံးခုရဲ့ အင်အားစုတွေက လောင်းရွှမ်အင်ပါယာ ဒီနယ်မြေအတွင်းမှာ မြို့တော်တွေ တည်ထောင်မှာကို ခွင့်ပြုကြမှာ မဟုတ်ဘူးရယ်။သူတို့အနေနဲ့ အရှေ့ပိုင်းဒေသက သယံဇာတတွေကို တူးဖော်သုံးစွဲနေရတာကို ကျင့်သားရ နေပြီဆိုတော့ သူတို့အဖို့ ဒီနေရာကို တစ်ယောက်ယောက် ပိုင်သွားမှာကို ဘယ်လိုလုပ်ပြီး ခွင့်ပြုလိမ့်မလဲ။ ဒီတော့ ကျနော့်ရဲ့တုံ့ပြန်မှုက ဘယ်လိုပဲဖြစ်နေဖြစ်နေ ကျနော်မြို့တည်မယ့်ကိစ္စကို အနှောက်အယှက် လုပ်ကြမှာပဲ”
“အဲ့ဒါကြောင့် တိတ်တိတ်လေး ခံစားနေရမယ့်အစား ခုန်ထပြီးတော့ ငါ ရှန်ယန်ရှောင်ဆိုတာ ဘယ်လို အနိုင်ကျင့်လာမှုကိုမဆို သည်းခံနေမှာမဟုတ်ဘူးလို့ သတိပေးလိုက်တာ ပိုကောင်းတာပေါ့။ဒီလိုဆိုရင် သူတို့ဖက်က တိုက်ခိုက်ချင်တယ်ဆိုတောင် သူတို့ရဲ့ အစွမ်းအစကို အရင်ဆုံး ပြန်ပြီးဆန်းစစ်ကြလိမ့်မယ်”
ရှန်ယန်ရှောင်ရဲ့ ရှည်လျားသော စကားက တူလန်းနဲ့ဉီးလေးကြူတို့ကို အလွန်အံ့အားသင့်သွားစေခဲ့ပါသည်။
ရှန်ယန်ရှောင်ရဲ့ တွေးခေါ်မှုက သူတို့ထက် ပိုပြီးလေးနက်နေပါတယ်။ဒီအရာက ကလေးငယ်တစ်ယောက် ပြောနိုင်တဲ့ စကားမဟုတ်ပါဘူး။
ရှန်ယန်ရှောင်ပြောလိုက်သလိုပါပဲ သူတို့အနေနဲ့ တိုက်ခိုက်သည်ဖြစ်စေ ခေါင်းငုံ့နေလိုက်သည်ဖြစ်စေ တိုင်းပြည်သုံးခုရဲ့ အင်အားစုတွေက မြို့တော်တည်ထောင်မှု အောင်မြင်သွားမှာကို လက်ပိုက်ပြီး ကြည့်နေကြမှာတော့ မဟုတ်ပါဘူး။ဒီတော့ ဘာလို့ခေါင်းငုံ့ခံနေတော့မှာလဲ။
ဒီနေ့လုပ်လိုက်တဲ့ ရှန်ယန်ရှောင်ရဲ့ လုပ်ရပ်မှာ ဖီးနစ်မောင်နှံပါဝင်နေတာကြောင့် အင်အားစုသုံးခုအနေဖြင့် သူမအပေါ်မှာ လှုပ်ရှားချင်ရင်တောင် အရင်ဆုံးချိန်ထိုးစဉ်းစားကြရပါလိမ့်မယ်။မဟုတ်ရင် ရမှာထက် ဆုံးရှုံးတာက ပိုများသွားပါလိမ့်မယ်။