ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၉၆)“ဘာမှမထောက်ပံ့မကူညီပေးခဲ့တဲ့အပြင် တစ်ခြားလူရဲ့ ပင်ပင်ပန်းပန်းနဲ့ ကြိုးစားအားထုတ်ခဲ့သ မျှအပေါ်မှာတောင် အခွင့်အရေးယူလိုက်ကြသေးတယ်။မင်းတိုင်ပင်ကြီးက ကိုယ့်ကိုယ်ကို တရားမျှတသူ သစ္စာတရားရဲ့ ဘက်တော်သားတစ်ယောက်လို့ ခံယူထားတာပဲ။ဒီလို မတရားမှုကိုကျ ဘာလို့မမြင်ချင်ယောင်ဆောင်နေတာလဲ။ဒီလို စိတ်ထားမျိုးက တရားမျှတတယ် သစ္စာစောင့်သိတယ်တဲ့လား”ဟု ပြောလိုက်သော ကြူရှီယာပြောသမျှ စကားတွေအားလုံးက အကျိုးအကြောင့်သင့်လှပါသည်။
ဖေးယွမ်မျက်နှာမည်းမှောင်သွားခဲ့သည်။ကြူရှီယာပြောသမျှတွေက အရှိတရားတွေဖြစ်နေသည်။ ရှန်ယန်ရှောင်ရရှိတဲ့ ခံစားမှုအခွင့်အရေးမှန်သမျှက တစ်ခြားသူတွေထက် အရမ်းဆိုးရွားလွန်းပြီး သူမအတွက် ဘာတစ်ခုမှ ခံစားခွင့်မရှိခဲ့ပါဘူး ဒါတင်မကသေးဘဲ လီချီရဲ့ အကဲဖြတ်မှုတွေဟာ အရမ်းတစ်ဖက်သတ်ဆန်လွန်းခဲ့ပါသည်။
ကြူရှီယာက ဖေးယွမ်ကိုကြည့်လိုက်တော့ ဖေးယွမ်က အကြည့်လွှဲလိုက်ပါသည်။
ကြူရှီယာလည်း ပြုံးလိုက်ပြီးနောက် “ရှောင်လေးက ဆင့်ခေါ်သူဖြစ်နေလို့ ဧကရာဇ်က သဘောမတွေ့ဘူး။မင်းတိုင်ပင်ကြီးလည်း သူမကို သဘောမကျပါဘူး။ကျနော့်အထင် မမှားဘူး ဆိုရင် မင်းတိုင်ပင်ကြီးက စစ်ဆေးအကဲဖြတ်ဖို့လာတယ်ဆိုတာ အပေါ်ယံသာဖြစ်မှာပဲ တစ်ကယ့်ရည်ရွယ်ချက်က တက်သစ်နေမြို့တော်ကို ကိုယ်တိုင်ထိန်းချုပ်ကွပ်ကဲဖို့ပဲ ဖြစ်မှာပါ ဟုတ်တယ်မလား”လို့ ပြောလိုက်သည်။
ဖေးယွမ်စိတ်ထဲမှာ အရမ်းအံ့အားသင့်သွားခဲ့ရသည်။ကြူရှီယာရဲ့ ပါးနပ်ထက်မြက်မှုကို တစ်ပြည် လုံးသိကြပေမယ့် ဒီလောက်အထိ အတွင်းကျကျနက်ရှိုင်းစွာ မြင်နိုင်မယ်လို့ သူ မထင်ထားခဲ့မိပါ ဘူး။
“မင်းတိုင်ပင်ကြီးတို့က သူမကို လက်သင့်မခံကြဘူး ဒါပေမယ့် သူ့ကိုတော့ စွန့်ပစ်နယ်မြေထဲမှာ မြို့တော်တစ်ခုတည်ဆောက်ခိုင်းပြီးတော့ မြို့ပြီးတာနဲ့တစ်ပြိုင်နက် အပိုင်သိမ်းဖို့ ကြံရွယ်ထားကြ တာပဲ။မင်းတိုင်ပင်ကြီးရော ဒီလိုမျိုး လုပ်ကိုင်တာက အရမ်းရုပ်ဆိုးတယ်လို့ မမြင်ဘူးလားဟင်”ဟု ပြောလိုက်သော ကြူရှီယာရဲ့ အပြုံးမှာ အေးစက်ခြင်းတွေပါဝင်နေပါသည်။တစ်ချို့စကားတွေက ရှန်ယန်ရှောင် ပြောလို့မရတာတွေ ဖြစ်သော်လည်း သူကတော့ ပြောလို့အဆင်ပြေနေပါသည်။
သူမအစား လောကကြီးက သူမအပေါ်မှာ ပြုကျင့်နေတဲ့ မတရားမှု အနိုင်ကျင့်မှုတွေကို သူ ပြောပေးမှာဖြစ်ပါသည်။
“ဘာမှမဟုတ်တဲ့ ပညာရပ်တစ်ခုအတွက်နဲ့ မင်းတိုင်ပင်ကြီးတို့က အပြစ်မရှိတဲ့ ကလေးမလေး တစ်ယောက်အပေါ်မှာ ဒီလိုမျိုးကျူးလွန်နေကြတယ်ပေါ့။စိတ်မကောင်းပါဘူးဗျာ ကျနော်တော့ ဒါကို လက်သင့်မခံနိုင်ပါဘူး။ကျနော်က လောင်းရွှမ်ပြည်သားတစ်ယောက်ဖြစ်ပေမယ့် ကောင်မလေးတစ်ယောက်ကို နိုင်ထက်ကလူပြုတဲ့ ကိစ္စမျိုးမှာ ပူးပေါင်းဖို့ စိတ်ကူးမရှိတာတော့ သေချာပါတယ်”ဆိုသော ကြူရှီယာရဲ့ သပ်ရပ်လှသော စကားပြောမှုအောက်မှာ ဖေးယွမ်ဟာ အရှက်ရသွားပြီးတော့ ပြောစရာစကားမရှိဖြစ်သွားခဲ့သည်။
အဆိုပါစကားတွေက ပါးကိုရိုက်တာထက်တောင် နာကျင်ဖို့ကောင်းလှပါသည်။ဟုတ်ပါတယ် ရှန်ယန်ရှောင်အပေါ်မှာ ဘယ်လောက်တောင် မတရားလိုက်သလဲဆိုတာကို သူကောင်းကောင်း သဘောပေါက်ပေမယ့် သူ့စိတ်ထဲမှာတော့ လက်သင့်ခံထားမိပြီး လီချီရဲ့ မောက်မာရိုင်းစိုင်းသော အပြုအမူတို့ကို လျစ်လျူရှုထားခဲ့ပါသည်။
“ကဲ ကျနော့်ရဲ့ အကြောင်းပြချက်တွေကတော့ ရှင်းပါပြီ။ကျန်သူတွေလည်း ကျနော်နဲ့ အတူတူပဲ ဖြစ်တာကြောင့် မင်းတိုင်ပင်ကြီးအနေနဲ့ အချဉ်းနှီးဒုက္ခခံမနေဖို့ပဲ ကျနော် တိုက်တွန်းချင်တယ်။ ဒီနေရာကနေထွက်သွားနိုင်ဖို့အတွက် ပိုင်ဇီနဲ့အတူ ကြိုးစားနေဦးမယ်ဆိုရင်တော့ မင်းတိုင်ပင်ကြီး ကို အလဲထိုးဖို့အတွက် ကျနော်တို့ရဲ့ ဒဏ္ဍာရီသတ္တဝါတွေကို အမိန့်ပေးရတော့မှာပဲ”လို့ ကြူရှီယာက ပြုံးရွှင်စွာဖြင့် ခြိမ်းခြောက်ပြောဆိုလိုက်ပါသည်။
ဖေးယွမ်အားကိုးရာမဲ့သွားခဲ့သည်။အိမ်တော်ငါးခုရဲ့ ဒဏ္ဍာရီသတ္တဝါတွေနဲ့တင် လူကို အားပျက်နေ စေပြီး သားကောင်ကို ကြည့်နေတဲ့ ကျားတွေကဲ့သို့ ရှိနေသော သခင် မည်သူမည်ဝါ ဖြစ်မှန်းမသိ ရတဲ့ ဒဏ္ဍာရီသတ္တဝါသုံးကောင်ပါ ပေါင်းလိုက်တော့ သူ့အတွက် ရွေးစရာ မရှိတော့ပါလေ။
“မင်းသားလောင်ယုက အပြစ်မရှိပါဘူးကွာ ငါတို့ကို သွားခွင့်ပြုပေးလိုက်ရင် ဒီနေ့ကိစ္စတွေကို ဘယ်သူမှ မသိစေရဘူး”ဟု ဖေးယွမ်က မျက်စိမှိတ်လိုက်ကာ အရှုံးပေးအညံ့ခံလိုက်ပါသည်။
ဖေးယွမ်ရဲ့ သနားစဖွယ် အခြေအနေကိုကြည့်လိုက်ပြီးနောက် နည်းနည်း ကြောင်တောင်တောင် ဖြစ်နေပုံပေါက်တဲ့ မင်းသားလောင်ယုထံ ကြည့်လိုက်ကာ ရှန်ယန်ရှောင် ပြန်ပြောလိုက်သည်။
“မရဘူး”