ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၂၀)
များမကြာမီမှာပဲ ဟုန်းရောင်အိတ် ဆယ်လုံးခန့်အား တဲတွေထဲကနေ ရှာတွေ့လိုက်ကြပါသည်။အိတ်တွေ အားလုံးကို ရှန်ယန်ရှောင်က လက်စွပ်ထဲတွင် ထည့်သိမ်းလိုက်သည်။
သူတို့က ဖူတူနဲ့လာကြတာဆိုတော့ ဘယ်နတ်ဆိုးမှ ဇာတ်လမ်းလာရှုပ်ရဲမှာ မဟုတ်ပါဘူး။ဒီအမှုန့်တွေကို နောက်ပိုင်းမှာ သုံးဖို့အတွက် သိမ်းထားရမည်ဖြစ်ပါသည်။
အားလုံးပြီးတဲ့နောက်မှာတော့ သူတို့အဖွဲ့လည်း လှည်းတွေကိုစီးနင်းပြီးတော့ ဉီးတည်ရာအရပ်ဖြစ်သော တက်သစ်နေမြို့တော်ဆီ ဆက်လက်ချီတက်လိုက်ကြပါတော့သည်။
ဒုတိယမြောက်နေ့ နေ့ခင်းပိုင်းမှာ တက်သစ်နေမြို့တော်၏ အပြင်ဖက်ကို သူတို့အဖွဲ့ ရောက်ရှိသွားကြ ပါသည်။မြို့တော်ဟာ နတ်ဆိုးမျိုးနွယ်၏ အခြေစိုက်စခန်း ငါးခုထဲကတစ်ခုဖြစ်ပြီး အကျယ်အဝန်းရော အဆောက်အဉီးတွေရောက စွန့်ပစ်နယ်မြေအတွင်းရှိ တစ်ခြားမြို့တွေထက် အဆဆအရာရာ သာလွန်ပါသည်။
သို့သော်လည်း စစ်ကြီးပြီးသည့်နောက်ပိုင်း နှစ်ထောင်ချီကြာမြင့်ခဲပြီဖြစ်တာကြောင့် အချိန်စက်ဝန်းရဲ့ တိုက်စားမှုဒဏ်ကိုခံရကာ မြို့ပျက်တစ်ခုဖြစ်နေခဲ့ပါပြီ။
ပျက်စီးနေသော မြို့တံတိုင်းမှာ အက်ကြောင်းတွေ အကျိုးအပဲ့တွေဖြစ်နေသလို နွယ်ပင်တွေအပြိုင်းအရိုင်း တွယ်ငြိပေါက်ရောက်နေပါပြီ။မြို့တံခါးတွင် ကြီးမားသော အပေါက်ကြီးတစ်ခုကို တွေ့ရပြီး လက်နက်ကြီး ဒဏ်ခံထားရတာကြောင့် ဖြစ်နိုင်ပါသည်။
မြို့တံခါးတွင်ရပ်ပြီးတော့ မြို့ထဲအားကြည့်မည်ဆိုပါက အကောင်းအတိုင်းရှိသော အိမ်တစ်လုံးမှ တွေ့ရမည်မဟုတ်ဘဲ ဖုန်းဆိုးမြေအလား တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကိုသာ တွေ့မြင်ရမှာပါ။
တစ်သစ်နေမြို့တော်ရဲ့ လက်ရှိအခြေအနေဟာ မြို့တော်ဆိုတာထက် တစပြင်တစ်ခုလို့ ပြောရင် ပိုမှန်မှာဖြစ်သည်။
တူလန်းတို့ဟာ မြို့တံခါးမှာရပ်ပြီး ကြည့်လိုက်တဲ့အခါ မြင်တွေ့ရသော မြင်ကွင်းကြောင့် ဒီစုတ်ပြတ်သတ် နေသော နေရာကို မြို့တော်တည်ထောင်ရမယ်ဆိုတာကို တွေးကြည့်လိုကို မရဘူး ဖြစ်သွားကြသည်။