ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၈၀)“စာထဲမှာတော့ အဲ့လိုရေးထားတာပဲဘုရား”လို့ လီချီက အမှန်အတိုင်း လျှောက်တင်လိုက်သည်။
လောင်ယုက မေးခွန်းတွေမေးလိုက်ပြီး လီချီကလည်း မေးသမျှကို အချက်အလက်ပြည့်စုံစွာနဲ့ စနစ်တကျ ရှင်းပြနေသည်။ဖေးယွမ်ကတော့ အစကနေအဆုံးအထိ စကားတစ်ခွန်းမျှ မဆိုခဲ့ဘဲ မျက်လုံးပိတ်၍သာ နေနေတာဖြစ်သည်။
စွန့်ပစ်နယ်မြေအတွင်း ဝင်ရောက်ပြီး ဆယ်ရက်မြောက်နေ့မှာတော့ လမ်းခရီးရဲ့ ကြမ်းတမ်းမှု ကြောင့် သေလုမတတ်ပင်ပန်းနေပြီဖြစ်သော လီချီတစ်ယောက် မင်းသားရှိနေတာကြောင့် အရမ်း ဘဝင်မကိုင်ရဲဘူး ဖြစ်နေပါသည်။လှည်းမောင်းသူကို လောင်ယုမင်းသားအတွက် စိတ်ပူလို့ဟူ၍ သာ ပြောဆိုကြိမ်းမောင်းနိုင်ခဲ့ပါသည်။
“ရောက်ပါပြီ အရှင်”ဆိုသော အစောင့်ဖြစ်သူရဲ့ လျှောက်တင်သံ တိုးတိုးကို ကြားလိုက်ရသည်။
လီချီလည်း ခပ်မြန်မြန်ပဲ လောင်ယုနဲ့ဖေးယွမ်တို့ကို အရင်ဆင်းစေလိုက်ပြီးနောက်မှသာ ဆင်းလိုက်ပါသည်။
လှည်းအပြင်ရောက်တော့ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် သုံးယောက်လုံး ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ကြသည်။
မြင့်မားပြီးခိုင်ခံ့ထူထဲလှသော မြို့ရိုးတံတိုင်းကြီးက တဖိတ်ဖိတ်တောက်ပနေသည်။သူတို့အားလုံး မြို့တံခါးပေါက်မှာရပ်ပြီးတော့ မီးသင့်ကျောက်တို့ဖြင့် ပြုလုပ်ထားတဲ့ မြို့ရိုးကြီးကို မော့ကြည့်နေခဲ့ကြသည်။ဒီမြင်ကွင်းကြောင့် မတုန်လှုပ်ဘဲ ဘယ်သူနေနိုင်မှာလဲလေ။
“ဒီမြို့ရဲ့ မြို့ရိုးတွေကို မီးသင့်ကျောက်တွေနဲ့ လုပ်ထားတာပါလား”လို့ စွန့်ပစ်နယ်မြေထဲ ရောက်ကတည်းက ပထမဆုံးစကားတစ်ခွန်းကို တက်သစ်နေမြို့တော်ရဲ့ မြို့ရိုးတံတိုင်းအ ကြောင်း ပြောဆိုရာမှာ ဖေးယွမ်က သုံးလိုက်ပါသည်။
“မီးသင့်ကျောက်တွေလား”ဟုဆိုကာ လီချီ ကြောင်ကနဲဖြစ်သွားပြီးနောက်တော့ မျက်ခုံးတို့ မြင့်တက်သွားခဲ့သည်။
“တက်သစ်နေမြို့တော်ရဲ့ မြို့တော်သခင်ဖြစ်သူက တစ်ကယ့်ကို ဖြုန်းတီးလွန်းတာပဲကိုး မီးသင့်ကျောက်က ဘယ်လောက်ရှားပါးသလဲ ဒါကိုသုံးပြီးတော့ မြို့ရိုးတောင် သူမက ဆောက်လိုက်သေးတယ်။ဒီကျောက်တွေကို ဧကရာဇ်ဆီကိုပဲ ဆက်သသင့်တာကို သူ မသိဘူးလား ဒါက အရှင်မင်းကြီးကို မလေးမစားပြုမူတာပဲ”လို့ လီချီက ပြောလိုက်သည်။
စွန့်ပစ်နယ်မြေကို လာရတဲ့ သူ့မူလတာဝန်က တက်သစ်နေမြို့တော်ရဲ့ အခြေအနေမှန်ကို စစ်ဆေးကြည့်ရှုအကဲခတ်ဖို့ဖြစ်သည်။ပြီးခဲ့သောလက တက်သစ်နေမြို့တော်ရဲ့ တည်ဆောက် ရေး စတင်ပြီဆိုတဲ့အကြောင်းကို ရှန်ယန်ရှောင်က စာဖြင့်ဆက်သလာခဲ့သည်။ဒီသတင်းကို သိသိချင်းမှာ အရှင်မင်းကြီးအနေနဲ့ မယုံနိုင်စွာ အံ့အားသင့်ခဲ့ပါသည်။စွန့်ပစ်နယ်မြေထဲကို သွားခဲ့ကြသော တစ်ခြားလူတွေဟာ ရလာဒ်အနည်းအကျဉ်းရဖို့အတွက်ကို တစ်နှစ်ကျော်လောက် အချိန်ပေးလုပ်ဆောင်ခဲ့ရတာဖြစ်သည်။ဒီရှန်ယန်ရျောင်ကတော့ စွန့်ပစ်နယ်ကိုရောက်တာ တစ် လတည်းနဲ့ မြို့တော်ကြီးကို ဘယ်လိုလုပ်ပြီး မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်ရတာလဲ။
ဒုတိယတာဝန်ကတော့ လီချီအနေနဲ့ အကြောင်းပြချက်တစ်ခုရှာကာ တက်သစ်နေမြို့တော်မှာ တော်ဝင်အစောင့်တွေကို တာဝန်ချထားဖို့ဖြစ်သည်။
ယန်ယုခန့်မှန်းထားသလိုပဲ စွန့်ပစ်နယ်မြေအတွင်း နယ်မြေသစ်ချဲ့ထွင်နိုင်ခြင်းအပေါ်မှာ ဧကရာဇ်အနေဖြင့် စွန့်ပစ်လိုစိတ်မရှိပါဘူး အဲ့ဒီလိုပဲ စွန့်ပစ်နယ်ကမြို့တစ်မြို့ကို ဆင့်ခေါ်သူတစ် ယောက်ဆီ ပေးအပ်လိုခြင်းလည်း မရှိပါဘူး။ဒါကြောင့် အခုလိုမျိုး စီစဉ်လိုက်တာဖြစ်ပါသည်။ အကယ်၍ တက်သစ်နေမြို့တော်သာ အမှန်အကန် တည်ဆောက်နိုင်ခဲ့မယ်ဆိုပါက သူ့လက်အ တွင်းရောက်ရှိအောင် တဖြည်းဖြည်းချင်း လုပ်ဆောင်သွားမှာဖြစ်သည်။
ဧကရာဇ်ဖြစ်သူရဲ့ အလိုတော်ကြောင့် လီချီဟာ တက်သစ်နေမြို့တော်အား လောင်းရွှမ်ပြည်ရဲ့ ပိုင်ဆိုင်မှုအဖြစ် အလိုလို သတ်မှတ်လိုက်ပါသည်။ရှန်ယန်ရှောင်က တက်သစ်နေမြို့တော်ရဲ့ မြို့ရိုးတွေကို နေပြည်တော်ထက် ခမ်းနားထည်ဝါစွာဖြင့် ဆောက်လုပ်ထားတာကို တွေ့လိုက်ရလို့ မကျေမနပ်ဖြစ်သွားခဲ့ပါသည်။
လောင်းရွှမ်ပြည်အလံတော်ကို လွှင့်ထူထားတဲ့ လူတစ်စု မြို့တံခါးအနီးမှာ ရောက်နေတဲ့အ ကြောင်း ရှန်ယန်ရှောင် သတင်းရလိုက်သည်။
“သူတို့ တစ်ကယ်မြန်မြန်ရောက်လာကြတာပဲ”
“အသွင်မပြောင်းနိုင်တဲ့ အလတ်တန်းနတ်ဆိုးတွေနဲ့ အဆင့်နိမ့်နတ်ဆိုးတွေကို မြေအောက်မြို့ တော်ဆီ ပြန်ခိုင်းလိုက်ပါ။အဆင့်မြင့်နတ်ဆိုးတွေကတော့ လူ့အသွင်ပြောင်းထားရမယ်။အထူးတ မန်တော်က အလည်အပတ်ရောက်လာမှတော့ ဧည့်ဝတ်ကျေပေးရမှာပေါ့”လို့ ရှန်ယန်ရှောင်က အနားမှာရှိတဲ့ ယောင်းကျီကိုပြောလိုက်သည်။
အခန်း(၅၈၀)