အခန်း(၄၉၄)
အဆိုပါ အစ်ကိုအကြီးဆုံးနဲ့ညီအငယ်ဆုံးတို့ သေဆုံးရတဲ့ကိစ္စတွေဟာ ရှန်ဂျန်နဲ့ ပတ်သတ်နေမယ်ဆိုတာကို သူခံစားမိနေပါတယ်။ သို့ပေမယ့်လည်း ထုတ်ဖော်မေးလိုက်မိရင် နောက်ထပ်သော ဓားစာခံတစ်ယောက်ဖြစ်သွားမှာကို သူကြောက်မိပါတယ်။“အဲ့ဒါ..ဒါဆိုရင် ဒုတိယအစ်ကိုကိုပဲ အားကိုးတော့မယ်နော်”လို့ တံတွေးကိုမြိုချလိုက်ကာ ရှန်ယူပြောလိုက်သည်။
ရှန်ဂျန်က မဲ့လိုက်ပြီး “ဒီလိုပဲဖြစ်ရမှာပေါ့ကွာ”လို့ ပြောလိုက်ပါတော့သည်။
အိမ်ကိုပြန်ရောက်ပြီး တတိယမြောက်နေ့တွင် စွန့်ပစ်နယ်မြေအား ပေးအပ်သော ခွင့်ပြုအမိန့်ကို ဧကရာဇ်ထံမှ ရှန်ယန်ရှောင် သွားရောက်လက်ခံခဲ့ရသည်။
အမိန့်စာရပြီးနောက် အိမ်တော်ကို သူမ ပြန်လာခဲ့သည်။
တက်သစ်နေဆိုသော စာလုံးများကို ကြည့်ရင်း ရှန်ယန်ရှောင်တစ်ယောက် အတွေးထဲနစ်နေမိသည်။
ဧကရာဇ်က သူမကို ပေးအပ်သောမြို့တော်နာမည်က တက်သစ်နေမြို့တော်ဟု အမည်တွင်သည်။ တည်နေရာက စွန့်ပစ်နယ်မြေရဲ့ အရှေ့ပိုင်းအခြမ်းတွင် ဖြစ်သည်။
“တက်သစ်နေမြို့တော်အကြောင်းကို သိသလား ရှူ”ဟု ကုတင်ပေါ်တွင် ထိုင်ကာ အမိန့်စာအား ကြည့်နေတဲ့ ရှန်ယန်ရှောင်က မေးလိုက်သည်။
“စွန့်ပစ်မြေက နတ်ဆိုးမျိုးနွယ်တွေရဲ့ အမာခံနယ်ပဲ။ စွန့်ပစ်မြေတစ်ခုလုံးမှာ သူတို့ရဲ့ အဓိကဌာနချုပ် ခုနှစ်နေရာရှိပြီးတော့ တက်သစ်နေမြို့တော်က အရှေ့ဖက်ပိုင်းမှာရှိတဲ့ ဌာနချုပ်တစ်ခုပဲ”လို့ ရှူကပြောသည်။
“ဌာနချုပ်တွေလား”လို့ မျက်ခုံးပင့်ကာ ရှန်ယန်ရှောင်ရေရွတ်လိုက်သည်။
“တက်သစ်နေမြို့တော်ရဲ့ အကျယ်အဝန်းက လောင်းရွှမ်ပြည်ရဲ့ နေပြည်တော်နဲ့ ယှဉ်လို့ရတယ် ဒါပေမယ့် နတ်ဆိုးမျိုးနွယ်တွေရဲ့ ဌာနချုပ်တွေထဲက တစ်ခုဖြစ်လို့ အဲ့နေရာမှာ နတ်ဆိုးတွေအများကြီးရှိနေသလို အဆင့်နိမ့် နတ်ဆိုးတွေဆို ပြည့်ကြပ်နေမှာပဲ”