ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၂၄)
သူမရဲ့နှလုံးသားက တစ်ကယ့်ကိုနာကျင်နေရပြီး ချစ်ခြင်းဆိုသောအရာကို မခံစားနိုင်တော့သလို ဖြစ်သွားရသည်။
အဆင့်မြင့်နတ်ဆိုးနှစ်ကောင်က ရှန်ယန်ရှောင်ရဲ့အသွင်အပြင်ကြောင့် အံ့အားသင့်သွားကြသည်။
သူမရဲ့နောက်မှာ သူတို့လို အငွေ့အသက်ကို ရလိုက်ရလို့ အံ့အားသင့်သွားတာဖြစ်ပြီး သူတို့ကို ပိုအံ့အားသင့်စေတာက ဒီလူသားဟာ နတ်ဆိုးတွေရဲ့ အလောင်းတွေအား မြင်လိုက်ရချိန်မှာ ဝမ်းနည်းတဲ့ အသွင်ဖြစ်သွားခြင်းပါပဲ။
လူသားတစ်ယောက်က နတ်ဆိုးတွေရဲ့ သေဆုံးမှုအတွက် ကြေကွဲဝမ်းနည်းတယ်တဲ့လား…
ဟာသမလုပ်စမ်းပါနဲ့….
ဘယ်ဖက်ကနတ်ဆိုးက ရှန်ယန်ရှောင်နဲ့သူမနောက်က လူငါးယောက်ကိုကြည့်လိုက်သည်။နတ်ဆိုးတွေရဲ့ အနံ့ခံ့အာရုံနဲ့ ခွဲခြားသိမြင်နိုင်စွမ်းတွေကြောင့် ရှန်ယန်ရှောင်နောက်က လူငါးယောက်ဟာ လူသားတွေ မဟုတ်ဘူးဆိုတာ ဆုံးဖြတ်လိုက်နိုင်ပါသည်။
အဆင့်မြင့်မှော်သားရဲသုံးကောင် အဆင့်မြင့်နတ်ဆိုးတစ်ကောင်နဲ့ နောက်ထပ်…
ဟမ်…
“ဒါက ပျော်ဖို့ကောင်းသားပဲ လူသားတစ်ယောက်အနားမှာ မှော်သားရဲသုံးကောင် အဆင့်မြင့်နတ်ဆိုးတစ် ကောင်နဲ့ နောက်ထပ်က…အာ နဂါးလား နတ်သူငယ်လား”
ရှန်ယန်ရှောင်တစ်ယောက် နတ်ဆိုးရဲ့ ထက်မြက်လှတဲ့အမြင်ကြောင့် လက်ဖျားခါလိုက်မိသည်။နောက်ပြီး လန်ဖန်းလီဟာ နတ်ဆိုးတွေရဲ့အမြင်မှာ ဘာမျိုးနွယ်ဖြစ်နေမလဲဆိုတာကို သိချင်သွားမိပါသည်။
ဒါပေမယ့် အဆင့်မြင့်နတ်ဆိုးတောင်မှ လန်ဖန်းလီရဲ့ တစ်ကယ့်ဇစ်မြစ်အား မခွဲခြားနိုင်တာ လက်တွေ့မျက်မြင်ပင်။
“နတ်ဆိုး”ဟုရေရွတ်လိုက်ပြီးနောက် တူလန်းက ရှန်ယန်ရှောင်နောက်က လူငါးယောက်အား အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
ဇာမဏီနဲ့ဖီးနစ်တို့က တစ်ကယ့်မှော်သားရဲတွေဖြစ်ပါတယ် ဒါပေမယ့် နတ်ဆိုးတစ်ကောင်ဆိုတာက…