၅၁၅

3.4K 478 10
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၅၁၅)

ချက်ချင်းဆိုသလိုပဲ လှည်းထဲမှာ စောင့်နေကြသောသူအားလုံး ရှန်ယန်ရှောင်ဆီ ပြေးထွက်သွားကြတော့သည်။

ရင်ဆိုင်တိုက်ပွဲဖြစ်ရာနေရာတွင်တော့ ကျူရူရဲ့အမိန့်အတိုင်း လန်ယုမင်းဆက်တိုင်းပြည်သားတွေဟာ ရှန်ယန်ရှောင်တို့ လေးယောက်ထံ ဓားဉီးများဖြင့်ချိန်ရွယ်ထားသည်။

ဟိန်းကျားများ၊မြေခွေးရိုင်းများအစရှိသော နှစ်ရာကျော်ကျော်ရှိသော မှော်သားရဲတွေဟာ ရှန်ယန်ရှောင်တို့ လေးဉီးသားဆီ ပြေးဝင်လာကြပါသည်။

နောက်မှာရှိသော ကျူရူမျက်နှာတွင် စက်ဆုပ်ဖွယ်အပြုံးတစ်ခု ဖြစ်တည်နေလေသည်။

သို့ပေမယ့်လည်း ကျူရူရဲ့အပြုံးပင် မပျောက်ကွယ်သေးခင်မှာပဲ မီးတောက်ကြီးနှစ်ခုက ရှန်ယန်ရှောင်ရှေ့တွင် ရုတ်ချည်းပေါ်ထွက်လာတော့သည်။ဖီးနစ်မောင်နှံတို့က ကြီးမားသော မီးလျှံဖီးနစ်နှစ်ကောင်အဖြစ် ပြောင်းသွားကြခြင်း ဖြစ်ပြီး မီးလျှံကြီးတွေဟာဆိုရင် ပင်လယ်ကြီးသဖွယ်ကျယ်ပြန့်ကြီးမားလှပါသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖီးနစ်ကြီးနှစ်ကောင်က လူတွေရဲ့အပေါ်ရောက်သွားပြီး ဖီးနစ်ဟစ်သံက လူတိုင်းရဲ့ နားစည်တွေကို ပြင်းထန်စွာရိုက်ခတ်သွားသည်။

အဆိုပါဖီးနစ်ဟစ်သံအောက်မှာ မှော်သားရဲအားလုံး မြေပေါ်တွင် ပြားပြားဝပ်သွားကြပြီး တုတ်တုတ်မှ မလှုပ်ရဲကြတော့ပေ။

ဒဏ္ဍာရီသတ္တဝါဆိုတာ ဘယ်လိုကောင်လဲ….

သူတို့ဟာ မှော်သားရဲအားလုံးက ကြောက်ရွံ့ရိုသေကြရတဲ့ သတ္တဝါတွေပဲ ဖြစ်ပါသည်။

ဖီးနစ်နှစ်ကောင်က ကောင်းကင်ထက်တွင် ဝဲပျံနေပြီး သူတို့အနားက လေထုကတော့ အပူချိန်ပြင်းထန်စွာဖြင့် တောက်လောင်နေပါသည်။

လန်ယုပြည်သားတွေဟာ ကောင်းကင်ပေါ်က ကြီးမားလှသော ဖီးနစ်နှစ်ကောင်ကြောင့် တုန်လှုပ်ခြောက်ခြားသွား ကြသည်။ဒီအစွမ်းပြင်းလှသော မှော်သားရဲတွေကို မတုန်လှုပ်မိသူ ရှိမှာမဟုတ်ပါဘူး။

ကောင်းကျိုးမပေးသော သမီးပျို Part-3Tahanan ng mga kuwento. Tumuklas ngayon