ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၅၉)နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင် ခြောက်ရာခုနှစ်ရာလောက်ကို ကြူရှီယာတို့ ခေါ်လာခဲ့ကြတာဖြစ်ပြီး အမျိုးမျိုးသော ပစ္စည်းများလည်းပါဝင်ပါတယ်။
ထိုသူတို့၏ အတတ်ပညာများကို သူမ ကြားသိပြီးတာနဲ့ သက်ဆိုင်တဲ့အလုပ်တွေကို ခွဲဝေချထားပေးလိုက်ပါတယ်။ ဒီမြို့ထဲက နတ်ဆိုးတွေက လူသားတွေကို မတိုက်ခိုက်ပါဘူးလို့ ပြောဆိုပြီး ရင်းနှီးစွာနေကြဖို့လည်း မှာလိုက်ပါ တယ်။
နတ်ဆိုးတွေနဲ့ အတူနေထိုင်ရမယ့်ကိစ္စက သူတို့အားလုံးကို ကြောက်လန့်သွားစေခဲ့ပါတယ်။ကံကောင်းတာက ဒီကိစ္စအပေါ်မှာ ပထမဦီးဆုံးသော အတွေ့အကြုံကို ရရှိထားပြီးဖြစ်သော ဂူဝံပုလွေအဖွဲ့သားတွေကနေ ဘာမှ မဖြစ်ပါဘူးဆိုတဲ့အကြောင်း အဆင်ပြေသွားမှာပါဆိုတဲ့အကြောင်းတွေ ပြောဆိုရှင်းပြမှသာ ပြေလည်သွားခဲ့ပါ တယ်။
“ရှောင်လေး ဒီကနတ်ဆိုးတွေက လူတွေအပေါ် မတိုက်ခိုက်ဘူးဆိုတာ မင်းတကယ်ပြောတာလား”လို့ တန်နာဇီက သူမအားကြည့်ပြီး မေးလိုက်ပါတယ်။
ရှောင်လေးက စကားပြောမယ်အလုပ် တင့်တယ်လှပသော ယောင်းကျီက သစ်သီးပန်းကန်ကို လာချပေးလိုက် သည်။အရွယ်ကောင်းရှိနေဆဲဖြစ်တဲ့ လူငယ်ငါးဦီးအား ပြုံးပြလိုက်ပြီးနောက် ခါးလေးလှုပ်ကာလှုပ်ကာဖြင့် ထွက်သွားပါတော့သည်။
တန်နာဇီမျက်လုံးတွေ ပြုတ်ကျတော့မတတ်ဖြစ်နေပါတယ်။တက်သစ်နေမြို့ထဲမှာ ဒီလောက်လှတဲ့သူ ရှိနေပါလား
“သူ့နာမည်က ယောင်းကျီတဲ့ တက်သစ်နေမြို့တော်ရဲ့ အဆင့်မြင့်နတ်ဆိုးနှစ်ရာကျော်ထဲက တစ်ယောက်ပေါ့”လို့ ရှန်ယန်ရှောင်ကပြောလိုက်သည်။
“……”
ဖူးသစ်ကာစ ပန်းပွင့်လေးကြွေကျပျက်စီးသွားတာကို တန်နာဇီခံစားမိလိုက်သည်။
“ဒါကိုနင်ဘယ်လိုလုပ်လိုက်တာလဲ”လို့ မြို့ထဲဝင်ဝင်ချင်းထဲက တစ်ခုခုတော့လွဲနေတာကို ခံစားမိထားသော ယန်းရှီကမေးလိုက်သည်။
“နတ်ဆိုးတွေကို ကျွေးမွေးရမယ့်နည်းတစ်ခု ရှာတွေ့ထားတာ”လို့ ပုခုံးတွန့်၍ ဖြေလိုက်ပါတယ်။
“ကျွေးမွေးတယ်…နတ်ဆိုးတွေကို ကျွေးမွေးတဲ့နည်း ဟုတ်လား”ဟု ရှောင်လေးလုပ်သမျှတွေဟာ သာမန်လူတွေ လုပ်နိုင်တဲ့ကိစ္စတွေမဟုတ်ပါလားဟု တွေးမိသွားတဲ့ တန်နာဇီက ပြောလိုက်ခြင်းဖြစ်သည်။
ပထမဆုံး ဆင့်ခေါ်သူလမ်းကို လျှောက်လှမ်းတယ် အခုကျတော့ စွန့်ပစ်နယ်မြေထဲကိုသွားခဲ့ပြီး နတ်ဆိုးတွေကို ကျွေးမွေးရမယ့်နည်းလမ်းကို လေ့လာခဲ့ပြန်တယ် ဒီကောင်မလေးက တစ်ကယ့်ကို ကြောက်ခမန်းလိလိပါပဲ။
“အင်း နတ်ဆိုးတွေက နတ်ဆိုးမျိုးနွယ်ကနေ ဆင်းသက်လာတဲ့သူတွေပဲ။နောက်ပြီးတော့ နတ်ဆိုးမျိုးနွယ်တို့ နယ်မြေမှာ လူသားတွေလည်းမရှိကြဘူးလေ။သူတို့က အနက်ရောင် ဒြပ်ထုတွေနဲ့ နေထိုင်ရှင်သန်ကြတာ။ငါက အနက်ရောင်စွမ်းအင်တွေကို ထုတ်လုပ်နိုင်တဲ့ပစ္စည်းတွေကို ရှာတွေ့ခဲ့ပြီးတော့ ဒီအနက်ရောင်စွမ်းအင်တွေက သူတို့ကို ဗိုက်ပြည့်စေတယ်။ဒီတော့ သူတို့လည်း လူသားစားဖို့ကို အာရုံမရှိကြတော့ဘူး”လို့ ရှန်ယန်ရှောင်က ပွင့်ပွင့်လင်းလင်းဖြေလိုက်ပါတယ်။
ကြူရှီယာတို့က သူမကိုကူညီပေးဖို့ အားလုံးကိုစွန့်လွှတ်ကာ စွန့်ပစ်နယ်မြေထဲကို လာခဲ့ကြတာဖြစ်လို့ ဒီကိစ္စကို သူတို့အပေါ်မှာ လျှို့ဝှက်မထားတော့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါသည်။
“ဒီစိတ်ကူးက တစ်ကယ့်ကို ဆန်းကြယ်ပြီးတော့ နင်က အံ့အားသင့်လောက်အောင်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့တာပဲဟ”ဟု နတ်ဆိုးတွေအပေါ်မှာ အရမ်းကြီး ထူးခြားဟန်မပြတဲ့ ကြူရှီယာက ဒီကိစ္စကိုတော့ စိတ်ဝင်စားဟန်ဖြင့် ပြောလိုက်ပါသည်။
“ဒါနဲ့လေ ငါတို့ဒီရောက်တော့ နင်တို့တစ်ခုခုကို ဆွေးနွေးနေကြတဲ့ပုံပဲ။အဲ့တုန်းက နင့်ပုံကလည်း အရမ်းကို ဒေါကန်နေတဲ့ပုံနဲ့ ဘာဖြစ်ခဲ့လို့လဲ”လို့ ကြူရှီယာကပြောလိုက်သည်။
ဒီအကြောင်းရောက်သွားတာနဲ့ သူမရဲ့အပြုံးက ချက်ချင်းပျောက်ကွယ်သွားပါတော့သည်။ငနာတွေကို စူဟီတို့ တိုက်ခိုက်ခံရတဲ့အကြောင်းတွေ ရှင်းပြလိုက်ပါတယ်။
“တူလန်းရဲ့ ဖြောင်းဖြမှုက အကျိုးအကြောင်းသင့်ပါတယ်။အဲ့လိုမျိုးငြိမ်ခံတာက နင့်ပုံစံမဟုတ်တာလေး တစ်ခုပဲ နောက်တစ်ချက်ရှိတာက ဒီလူတွေရဲ့ လုပ်ရပ်ကိုသည်းခံနေလိုက်ရင် သူတို့က ရောင့်တက်လာကြမှာပဲ ဆိုတော့ သိပ်တော့အဆင်မပြေဘူးပေါ့ကွာ”လို့ ယန်ယုက တည်ငြိမ်စွာပြောလိုက်သည်။
“အခက်အခဲတစ်ချို့နဲ့ ရင်ဆိုင်နေရတဲ့အကြောင်းက နင်တစ်ယောက်ထဲပဲ အစွမ်းရှိတဲ့သူဖြစ်နေလို့ပါ။တူလန်းတို့က နင့်ကို တစ်ခုခုဖြစ်သွားမှာစိုးရိမ်နေကြလို့ မစွန့်စားရဲကြတာ။ဒါပေမယ့် အခုက မတူတော့ဘူး ငါတို့လည်း ရောက်လာပြီဆိုတော့ အဲ့လူတွေကို သေမင်းဆီပို့ဖို့ကို နင်ကြောက်နေသေးတာလား”လို့ မျက်ခုံးပင့်ကာ ကြူရှီယာက ပြောလိုက်သည်။
သူတို့ကများ ငါတို့ရဲ့ ကလေးမလေးကို လာထိပါးဝံ့ကြတယ်ပေါ့လေ ကိုယ့်လည်ပင်းကိုသာ ဆေးကြောပြီး စောင့်နေကြပေရော့……