ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၉၈)ရှန်ယန်ရှောင် နှာခေါင်းရှုံ့လိုက်ပြီး လီချီကို ခြေထောက်နဲ့အဝေးကို ကန်လွှတ်လိုက်သည်။
“ဒီကောင့်ကိုခေါ်သွားပြီး ချုပ်ထားလိုက်ကြ ငါ့အမိန့်မရဘဲ ဘာအစားအစာနဲ့ရေမှ မပေးကြနဲ့”
ဒီကောင့်ကို သူမ ရိုက်တာမျိုး သတ်တာမျိုးမလုပ်ပါဘူး အမှောင်ခန်းထဲမှာပဲ အစာရေစာ ငတ်ပြီးသေအောင် ပစ်ထားလိုက်မှာဖြစ်သည်။
လီချီရဲ့ အော်သံကြောင့် ဖေးယွမ်မျက်နှာ တော်တော်ဆိုးရွားစွာ ပျက်နေပါသည်။
လီချီကို ဖြေရှင်းပြီးတာနဲ့ ဖေးယွမ်နဲ့လောင်ယုတို့ဖက် ရှန်ယန်ရှောင်လှည့်လိုက်သည်။
“မင်းတိုင်ပင်ကြီးတို့ကို ကျွန်မ လမ်းနှစ်သွယ်ပေးမယ်။ကျွန်မပြောတဲ့အတိုင်း စာတစ်စောင် ရေးပြီးတော့ နေပြည်တော်ကဘိုးတော်ဆီပို့လိုက် စာထဲမှာတော့ စွန့်ပစ်နယ်မြေမှာ နည်းနည်း ကြာကြာ နေချင်တယ်ဆိုပြီး ရေးလိုက်။အကြောင်းပြချက်ကတော့ ဒီမှာအားလုံးနီးပါး မင်းတိုင်ပင် ကြီးလက်ခုပ်ထဲ ရောက်တော့မယ်ပေါ့ အာဏာအလုံးစုံကို လက်ထဲရောက်ဖို့ ဖြည်းဖြည်းချင်း လွှဲပြောင်းရယူနေပါတယ်ပေါ့။မင်းတိုင်ပင်ကြီးသာ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် တက်သစ်နေမြို့တော်ရဲ့ အထူးဧည့်သည်တော်တွေအဖြစ် ဆက်ဆံခံရမှာပါ”
“နောက်တစ်လမ်းကတော့ ကျွန်မနဲ့မပူးပေါင်းချင်ဘူးဆိုရင် မင်းတိုင်ပင်ကြီးတို့ကို ချုပ်နှောင်ထား ပြီးတော့ မင်းသားလောင်ယုရဲ့အသက်နဲ့ ဧကရာဇ်ကို ခြိမ်းခြောက်အကြပ်ကိုင်ရမှာပဲ။အထူးဧည့် သည်တော်အဖြစ်နေမလား အကျဉ်းစံအဖြစ်နေမလားဆိုတာတော့ မင်းတိုင်ပင်ကြီးရွေးရုံပဲ”ဟု ပြောလိုက်တဲ့ ရှန်ယန်ရှောင်ဟာ လက်ပိုက်ပြီးတော့ ဖေးယွမ်နဲ့လောင်ယုတို့အား ကြည့်နေလိုက်သည်။
ဖေးယွမ်အနေနဲ့လည်း ကောင်းကောင်းသဘောပေါက်ပါသည်။သူ မပူးပေါင်းရင် သူနဲ့လောင်ယုရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ဖို့ကောင်းသည်သာမက ဧကရာဇ်အား ရှန်ယန်ရှောင်နဲ့ အခုအချိန်မှာ ရင်ဆိုင်ခိုင်းဖို့လည်း မသင့်တော်လှပါချေ။အိမ်တော်ငါးခုရဲ့ ပူးပေါင်းမှုအားကို ဧကရာဇ်တောင် ယှဉ်နိုင်ဖို့မလွယ်ပါဘူး။
“မင်းပြောတဲ့အတိုင်း ငါလုပ်ပါ့မယ် မင်းကတိအတိုင်း လောင်ယုကို ဆိုးဆိုးရွားရွား မဆက်ဆံဖို့ပဲ ငါမျှော်လင့်ပါတယ်”လို့ ဖေးယွမ် သက်ပြင်းချကာပြောလိုက်သည်။
လူလိမ္မာဟာ အကြောင်းတရားအပေါ်မှာ အညံ့ခံ့တတ်ကာ ဒီလို လူလိမ္မာမျိုးကို ရှန်ယန်ရှောင် သဘောကျသည်။
“ဘာမှမစိုးရိမ်ပါနဲ့ ကျွန်မက ပြောတဲ့အတိုင်းပဲ လုပ်တာပါ”
“ဖြစ်ပါစေ”ဟု ဖေးယွမ်လည်း အားလျော့စွာပြောလိုက်သည်။
စွန့်ပစ်နယ်မြေကို လာမိတဲ့အတွက် သူ နောင်တရမိသလို ထင်တစ်လုံးဖြစ်ခဲ့မိသည့်အတွက်လည်း နောင်တရမိသည်။ပိုင်ဇီရှီနေလို့ တက်သစ်နေမြို့တော်မှာ အေးအေးဆေးဆေး နေလို့ရမှာပဲဟု သူတွေးခဲ့မိသည်။အခုကြည့်ရသလောက်တော့ သူ့အတွေးအားလုံးက လှောင်ရယ်ပစ်ဖို့ ကောင်းနေပါလေပြီ။
“ကောင်းပါပြီ ဒါဆိုလည်း မင်းတိုင်ပင်ကြီးနဲ့ မင်းသားလေးတို့ ဆက်လက်သုံးဆောင်ကြဖို့ ကျွန်မတိုက်တွန်းပါရစေ။မင်းတိုင်ပင်ကြီးအနေနဲ့ အတူပါလာတဲ့ နန်းတွင်းအစောင့်တွေကိုလည်း ရှင်းပြထားပေးဖို့ ကျွန်မတောင်းဆိုပါရစေ မဟုတ်ရင်တော့ သူတို့ကို သတ်ပစ်ဖို့အတွက် ကျွန်မ ဝန်လေးနေမှာမဟုတ်ပါဘူး”လို့ ပြုံးချိုစွာပြောပြီးနောက် ရှန်ယန်ရှောင် လှည့်ပြန်လိုက်ပါသည်။
ငနာငါးကောင်လည်း သူမနောက်ကနေ လိုက်လာကြသလို ဒဏ္ဍာရီသတ္တဝါရှစ်ကောင်လည်း သူတို့နှင့်အတူ ပြန်ထွက်ခွာသွားခဲ့ကြပါသည်။
ရှန်ယန်ရှောင်တို့တစ်သိုက် မြင်ကွင်းထဲကနေ ပျောက်သွားတော့မှသာလျှင် ဖေးယွမ် အကြီးအ ကျယ် စိတ်ပေါ့ပါးသွားခဲ့ရသည်။
“မင်းတိုင်ပင်ကြီး”လို့ခေါ်လိုက်သော လောင်ယုအမူအယာက မကောင်းလှပါလေ။စောစောက ရှန်ယန်ရှောင်ပြောသွားတဲ့ စကားတွေဟာ အေးစက်စက်နိုင်လှပြီး လူသတ်ငွေ့တို့ ယှက်သန်းနေခဲ့ သည်။လောင်ယုအနေဖြင့် လည်ပင်းအား ဆွဲညှစ်ခံထားရသလို ခံစားနေခဲ့ရပြီး စကားတစ်လုံးတောင် မထွက်နိုင်အောင် ဖြစ်ခဲ့ပါသည်။
ပြိုင်ဖက်မရှိအောင် လှပလွန်းတဲ့ မိန်းကလေးဖြစ်နေတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ဘာဖြစ်လို့ နတ်ဆိုးတစ်ကောင်ကနေပေးတဲ့ ခံစားချက်လိုမျိုး ခံစားမိအောင် လုပ်နေတာများလဲ…